ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း


[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း -၂၁]

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေး ဆက်လက်ဆောင်ရွက်

သြဂုတ် ၃၁၊ ၂၀၁၇

အကြမ်းဖက်တိုက်ခိုက်မှုများ

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရန်ကာစေတီ ကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသား ၅ ဦး သေဆုံးခဲ့ပြီး မဦးခင်ခင်မှာ ဦးခေါင်းခွံကွဲနှင့် ပြတ်ရှဒဏ်ရာ များဖြင့် သြဂုတ် ၂၈ ရက်တွင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ရရှိသည့် ဒဏ်ရာများမှာ စိုးရိမ်ရသည့်အတွက် သြဂုတ် ၃၀ ရက်တွင် ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင် တပ်မတော် စစ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ပေးထားကြောင်း သိရသည်။

သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် နယ်မြေ(၄)အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၀၀ ကျော်မှ တုတ်၊ ဓားများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ အစွန်းရောက် အကြမ်းဖက် သမားများ က အနီးရှိတောင်ကုန်းပေါ်သို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်။


ကျန်ရှိနေသည့် အကြမ်းဖက်သမား ခေါ်ဘီရာမောက် (၃၅ နှစ်)၊ အာနူဆော်ဘီ (၁၃ နှစ်)၊ ဆွေယော့ဒူဆောင်း (၅၄ နှစ်) နှင့် အီလီယာစ် (၂၄ နှစ်) တို့အား ၎င်းတို့ ကိုင်ဆောင်လာသည့် ဓားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၃ နာရီခွဲတွင် ဒေသခံဖျားနာ လူနာများအား မောင်တောဆေးရုံသို့ ပို့ဆောင်နေစဉ် မောင်တောမြို့နယ် သီဟိုဠ်ကျေးရွာအနီး နွားရုံ တောင်ကွေ့၌ ARSA အစွန်းရောက် အကြမ်းဖက်သမားက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ လူနာများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ။

ညနေ ၄ နာရီခန့်တွင် နွားရုံတောင်လမ်းဆုံ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း သိရသည်။

သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် မေယုတောင်ခြေ အင်းဒင်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်း ဆောင်ရွက်နေစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ကျော်က ဓားများဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်ရာ အကြမ်းဖက်သမား ၁ ဦးအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အင်းဒင်ရခိုင်ကျေးရွာအတွင်း၌ အကြမ်းဖက်သမားများက မိုင်း ၂ လုံး ဖောက်ခွဲခဲ့သဖြင့် ကျေးရွာနေအိမ်နှစ်လုံး မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။

မသင်္ကာသူများ ဖမ်းဆီးစစ်ဆေး

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် နယ်မြေ ၁၁ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြာ ကျေးရွာအုပ်စု၊ ပြင်ရှည်ကျေးရွာမှ မသင်္ကာ ဘင်္ဂါလီ အဒူတာလစ် (၂၂)နှစ် ကိုလည်ကောင်း၊ နယ်မြေ ၆ မောင်တောမြို့နယ် ၊ မင်္ဂလာကြီးချောင်းဝကင်းစခန်းအနီးသို့ ရောက်ရှိလာသော မသင်္ကာသူ ဘင်္ဂလီ ၁ဦးကိုလည်ကောင်း ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိသူ ၂ ဦးသည် မောင်တောဒေသအတွင်း အကြမ်းဖက် ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြောင်း သိရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့ရေးပစ္စည်းများ တွေ့ရှိရမှု

ARSA အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်း လှုပ်ရှာရာနေရာ များတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ရေးပစ္စည်း များတွေ့ရှိခဲ့ရခြင်းနှင့် ပတ်သက်၍ တွေ့ရှိချက်အနေဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ ထိုပစ္စည်းများကို ယင်းအဖွဲ့အစည်းများက အစွန်းရောက် အကြမ်းဖက် သမားများအား ထောက်ပံ့ပေးသည်ဟု ရည်ညွှန်းခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိစေအပ် ပါသည်။ ထိုကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများ အကြမ်းဖက်သမားများထံ ရောက်ရှိနေမှုကို ဆက်လက် စုံစမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee
ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.