ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ


[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း- ၁၆]

ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ

သြဂုတ် ၃၀ ၊ ၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများက အကြမ်းဖက်မှုများ လုပ်ဆောင်လျက် ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား တန်ပြန်ချေမှုန်းရေး ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား တန်ပြန်တိုက်ဖျက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ထောက်ပံ့ကူညီရေးပစ္စည်းများ တွေ့ရှိနေရသည်။

သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကျီးကျွန်းကင်းစခန်း၏ တောင်ဘက် ၂ မိုင်ခန့်အကွာရှိ တဲငယ် ၆ လုံးတွင် အကြမ်းဖက်သမားများ နေထိုင်သွားခဲ့ပြီ WFP မှ ထောက်ပံ့ပေးသည့် စွမ်းအားပြည့် ဘီစကစ်​မုန့်၊ မုန့်ပုံးခွံများနှင့်​အချိုရည်​ဘူးခွံများ တွေ့ရှိခဲ့ရသည်။

သြဂုတ်​ ၂၈ ရက်​ နံနက် ၁၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ အပြင်ဘက် တောင်ခြေအနီး မသင်္ကာ၍ နယ်မြေရှင်းလင်းခဲ့ရာ ချုံပုတ်များ အတွင်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဝှက်ထားသော ဆာလာအိတ်ထုပ်များအား တွေ့ရှိခဲ့သည်။

တွေ့ရှိသည့် ပစ္စည်းများမှာ ဆေးဝါးမျိုးစုံ ၇ အိတ်၊ USAID တံဆိပ်ပါ ဆန် ၁ အိတ်၊ WFP တံဆိပ်ပါ ဆန်အိတ် ၁ အိတ်၊ အလျား ၁၂ လက်မ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ ခု၊ မိုင်း၌ တပ်ဆင်ထားရှိသော ရီမု ဆင်ဆာ ၃ ခု၊ ပေ ၁၀၀ ခန့် ဝါယာကြိုးပါကင်ထုပ် ၃ ထုပ်၊ အဝေးထိန်း ရီမု ၆ ခု၊ Panasonic တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ ၃ လုံး၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည် ၇ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များသည်​ သြဂုတ်လ ၂၉ရက် မွန်းတည့်​ ၁၂ နာရီ တွင်​ အလယ်သံကျော် ဗိုလ်​မှူး​ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ်အဒူလာ ​ခေါ် နူမာလာကိန်း အိမ်​အတွင်းမှ WFP တံဆိပ်ပါဘီစကစ်ဖာ ၄၀ ဖာ၊ ​ပြောက်​ကျားစစ်​ဖိနပ်​လည်​တို ၁၇ ရံ၊ ​ခြေအိတ်​ ၄၀ စုံ၊ ဓားရှည်​ ၁ လက်​၊ ARSA အစွန်း​ရောက်​အကြမ်းဖက်​သမားအဖွဲ့ ဝတ်​စုံ အကျီ ၂ ထည်​နှင့်​ ​ဘောင်းဘီ ၃ ထည်​တို့ကို သိမ်းဆည်းရမိခဲ့​ကြောင်းသိရသည်​။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.