ARSA ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာ


မြန်မာအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့ကကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာမှာ အခုအကြမ်းဖက်တိုက်ခိုက်မှုမှာပါဝင်တဲ့ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့ အဲဒီ အကြမ်းဖက်သမားတွေအတွက် တာဝန်ရှိတဲ့ Arakan Rohingya Salvation Army ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ ကို အကြမ်းဖက်အုပ်စုဖြစ်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ကြေညာလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

အဲဒီ Arakan Rohingya Salvation Army ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် Ata Ullah အတား အူလား ကတော့ သူတို့အဖွဲ့ရဲ့ အဓိကရည်မှန်းချက်ဟာ လူမဆန်စွာနှိပ်စက်ငြင်းပမ်းတဲ့ မြန်မာအစိုးရ လက်အောက် ကနေ သူတို့ရိုဟင်ဂျာလူမျိုးတွေ လွတ်မြောက်ရေးဖြစ်တယ်လို့ မကြာခင်ရက်ပိုင်းက ဗီဒီယိုတခု ထုတ်ပြန်ပြီး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သူတို့အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတာ ၃ နှစ်ရှိပြီဖြစ်ပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်အောင်လုပ်ဆောင်ခြင်း မရှိကြောင်းနဲ့ သူတို့လူမျိုးတွေကို ခိုလှုံနေထိုင်ခွင့်ပေးထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ရှိကြောင်းလည်း အတား အူလား က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ARSA ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာ ARSA ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာ Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.