ARSA အစွန်းရောက်အကြမ်းဖက်သမားများ အန္တရာယ်မှ ဘေးကင်းရာသို့ ဒေသခံပြည်သူများကို ပြောင်းရွှေ့ပေးခဲ့


သြဂုတ် ၃၁၊ ၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လသာကျေးရွာမှ ဟိန္ဒူ အိမ်ထောင်စု ၇၀ စု လူဦးရေ ၃၀၀ ဦးခန့်အား ARSA အစွန်းရောက်အကြမ်းဖက်သမားများမှ ရန်ပြုပိတ်ဆို့ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ အပြင်စည်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် အနီးကပ်လုံခြုံရေးတို့ဖြင့် ဘေးကင်းရာသို့ ယနေ့မွန်းလွဲပိုင်းတွင် ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၉၉ ဦးခန့်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee

ARSA အစွန်းရောက်အကြမ်းဖက်သမားများ အန္တရာယ်မှ ဘေးကင်းရာသို့ ဒေသခံပြည်သူများကို ပြောင်းရွှေ့ပေးခဲ့ ARSA အစွန်းရောက်အကြမ်းဖက်သမားများ အန္တရာယ်မှ ဘေးကင်းရာသို့ ဒေသခံပြည်သူများကို ပြောင်းရွှေ့ပေးခဲ့ Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.