ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေကို ကာကွယ်ပေးဖို့ APHR တိုက်တွန်း

( ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာသူတွေကို တွေ့ရစဉ် ) ဓာတ်ပုံ- ကျော်သူရ(နွားရုံတောင်)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေကို ဘေးဒုက္ခအပေါင်းက အမြန်ဆုံးတားဆီးကာကွယ်ပေးဖို့ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ APHR က မနေ့က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတပါးပြည်တွင်းရေး ဝင်မစွက်ရေး ဆိုတဲ့ အလွန်ခေတ်နောက်ကျလှတဲ့ မူဝါဒကို ချောင်ထိုးထားလိုက်ပြီး မြန်မာပြည်တွင်းက သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ သတိပေးချိန်တန်ပါပြီလို့ APHR ဥက္ကဌ ချားလ်စ် စန်တီယာဂို က ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှား ပြည်သူ့လွှတ်တော်အမတ် အီဇာ စန်ဒါရီ ကလည်း - အရပ်သားတွေကို အကာအကွယ်ပေးရေးက အဓိကဦးစားပေးကိစ္စဖြစ်ပြီး၊ အကြမ်းဖက်ပဋိပက္ခအတွင်း ကျရောက်နေတဲ့ ဘယ်သူ့ကိုမဆို ဘာကိုမှ မခွဲခြားဘဲ အရေးပေါ်ဆောင်ရွက်ဖွယ်ရှိတာတွေကို အဖွဲ့ဝင်နိုင်ငံအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ဒါဟာ နိုင်ငံရေး မဟုတ်ပါဘူး၊ နိုင်ငံတကာ လူသားချင်းစာနာရေးဥပဒေအောက်မှာ လူ့အသက်ကယ်ဆယ်ရေးဆိုတဲ့ အခြေခံအကျဆုံးဝတ္တရားကို ဆောင်ရွက်ရေးသာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်ကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးလာသူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်မောင်းမထုတ်ဘဲ ခိုလှုံခွင့်ပေးဖို့ တိုက်တွန်းလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရုံးအနေနဲ့ စစ်တပ်ကို မထိန်းချုပ်နိုင်သော်လည်း၊ သတင်းပြန်ကြားရေးကို စီမံနိုင်တာကြောင့်၊ ပဋိပက္ခမီးကို ပိုပြီးတောက်လောင်စေမယ့် သတင်းတင်ပြပုံ၊ စကားလုံးအသုံးအနှုန်းတွေကို ရှောင်ရှားနိုင်ကြောင်း၊ ဒါ့ပြင် ကူညီရေးလုပ်သားတွေအပေါ် အန္တရာယ်ကျရောက်စေမယ့်ကိစ္စတွေကိုလည်း ရှောင်ရှားသင့်ကြောင်း ပြောဆိုပါတယ်။

အလားတူ ကမ္ဘောဒီးယားကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်တွင်းမှာရှိနေကြသူအားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် အကြမ်းဖက်တာဟာ ရေရှည်ဖြေရှင်းနည်းမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေကို ကာကွယ်ပေးဖို့ APHR တိုက်တွန်း ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေကို ကာကွယ်ပေးဖို့ APHR တိုက်တွန်း Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.