မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A(6)မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တစ်နေ့လျှင်ကုဗပေသန်း၅ဝနှုန်း ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ


ရန်ကုန် သြဂုတ် ၇

မြန်မာနိုင်ငံအနောက်ဘက်ကမ်း လွန်ရှိ လုပ်ကွက်အမှတ်A(6)မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း(Drill Stem Test)ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ် ငွေ့ တစ်နေ့လျှင် ကုဗပေသန်း ၅ဝ နှုန်းထုတ်ယူနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကမ်းလွန်လုပ်ကွက် အမှတ်A(6)တွင် အကဲဖြတ်တွင်း ပြည်သစ်(၁)ကို ဇွန် ၁ဝရက်တွင် စတင်တူးဖော်ခဲ့ပြီး ဇူလိုင် ၁၅ရက် တွင် ရည်မှန်းအနက် ၄၅၇ဝ မီတာ အထိ တူးဖော်ခဲ့ရာ အနက် ၃၅၄၂ မီတာတွင် သဘာဝဓာတ်ငွေ့ ခို အောင်းနေသော အသားတင်ထုတ် ယူရရှိနိုင်မည့် သဲကြောအထူ ၃၅ မီတာခန့်ကိုစမ်းသပ်တွေ့ရှိခဲ့သည်။

အကဲဖြတ်တွင်း ပြည်သစ်(၁) ကို လုပ်ကွက်A(6) ၏ တတိယ မြောက်တွင်းအဖြစ် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၏ အနောက် မြောက်ဘက် ကီလိုမီတာ ၉ဝခန့် အကွာ ကမ်းလွန်ပင်လယ်ပြင်၌ ရေအနက် ၂ဝဝ၁ မီတာနေရာတွင် တူးဖော်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ကမ်းလွန် လုပ်ကွက် အမှတ် ဗ(၆)တွင်MPRLE&P ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်း ၂ဝ၊သြစတြေးလျနိုင်ငံWoodside Energy(Myanmar) Pte.,Ltd.မှ ရာခိုင်နှုန်း၎ဝ၊ ပြင်သစ်နိုင်ငံTotal E & P Myanmar ကုမ္ပဏီမှရာခိုင် နှုန်း၎ဝ အချိုးကျပါဝင်ကာ ရှာဖွေ တူးဖော်ခြင်းလုပ်ငန်းများကို အကျိုး တူ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ ကြောင့် လုပ်ကွက်အမှတ်A(6)တွင် ရှာဖွေရေးတွင်း၊အကဲ ဖြတ်တွင်းများ ဆက်လက်တူးဖော် သွားမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ ခိုအောင်းမှုပမာဏသည် စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိပါက development လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မေလွင်
The Union Daily
https://www.facebook.com/uniondaily.net
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A(6)မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တစ်နေ့လျှင်ကုဗပေသန်း၅ဝနှုန်း ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A(6)မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တစ်နေ့လျှင်ကုဗပေသန်း၅ဝနှုန်း ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.