YBS ယာဉ်နှစ်စီးတိုက်၊ ကိုးဦးသေဆုံး၊ ၃၂ ဦးဒဏ်ရာရရှိ


ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စု ရွှေညောင် ပင်ဘိုးဘိုး ကြီး နတ်နန်းဟောင်းရှေ့တွင် ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ ကYBS(37)နှင့် YBS(55)တို့ပြင်းထန်စွာတိုက်မိရာ ကိုးဦးသေ ဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်နေရာတွင် သုံးဦးသေဆုံးပြီး ဆေးရုံတွင် ခြောက် ဦး ထပ်မံသေဆုံးခြင်းဖြစ်သည်။ ယာဉ်နှစ်စီးမှ ဒဏ်ရာရရှိသည့် လူနာများကို မြောက်ဥက္ကလာပမေဓာဝီဆေးရုံသို့ ပို့ဆောင်ကာ ပုလဲ မီးသတ်၊ ထောက်ကြံ့ မီးသတ်နှင့် အင်းစိန်မီးသတ်တို့က ရှာဖွေရေးယာဉ်၊ လူနာတင် ယာဉ်တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့သည်။

YBS(37)ယာဉ်အားYBS(55)ယာဉ်က အရှိန်လွန်ကာတိုက်မိခြင်းခြင်းဖြစ် ပြီး မျက်မြင်တစ်ဦးက ''ဘီးပေါက်တာလား။

အရှိန်လွန်သွားတာလားမသိဘူး၊ (၅၅)က (၃၇)ယာဉ်ကို ဝင်တိုက်တာ။ လူတွေအများကြီးဒဏ်ရာရတယ်။ ကျွန်တော်တို့ နားမှာတင်ဖြစ် သွား တာ''ဟုပြောသည်။

အခင်းဖြစ်ပွားရာတွင်YBS(37)ယာဉ်မှအမျိုးသမီးတစ်ဦး၊ အမျိုးသား တစ်ဦးသေ ဆုံးပြီးYBS(55)ယာဉ်လိုင်းမှအမျိုးသမီးတစ်ဦးသေဆုံးကာ ဆေးရုံတွင် ခြောက်ဦးထပ်မံသေဆုံးခြင်းဖြစ်ကာ ကျန်လူနာများကို ဆေးရုံ တွင် အတွင်းလူနာအဖြစ် တင်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
YBS ယာဉ်နှစ်စီးတိုက်၊ ကိုးဦးသေဆုံး၊ ၃၂ ဦးဒဏ်ရာရရှိ YBS ယာဉ်နှစ်စီးတိုက်၊ ကိုးဦးသေဆုံး၊ ၃၂ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.