YBS ယာဉ်အားလုံး အလုံးစုံ အာမခံထားရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်တစ်စီးကို တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
ဒီလကုန်နောက်ဆုံးထားပြီး YBS ယာဉ်အားလုံးမှာ အလုံးစုံ အာမခံထားကြဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

အလုံးစုံအာမခံက ယာဉ်တိုက်မှု ဖြစ်ခဲ့ရင် ယာဉ်အတွက်ရော ယာဉ်ပေါ်မှာပါတဲ့ ခရီးသည်တွေအတွက်ရော အာမခံထားတဲ့ပုံစံမျိုးဖြစ်တယ်လို့ Power Eleven ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးတရုတ်လေး က ပြောပါတယ်။

" YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ ယာဉ်တွေအားလုံး ဇူလိုင်လကုန်ကို အလုံးစုံ အာမခံထားရမယ်လို့ ညွှန်ကြားချက်ထုတ်ထားပါတယ်၊ ကညန သက်တမ်းတိုးလို့ရှိရင် သူတစ်ပါး ထိခိုက်မှုအာမခံ အစိုးရဌာနတွေမှာ ထားရပါတယ်၊ ကားပေါ်မှာပါသော ခရီးသွားပေါ့နော်၊ အဲအတွက် ကိုပဲ သူက အကာအကွယ်ပေးတာပါ၊ အလုံးစုံအာမခံဆိုတာကတော့ ဥပမာပေါ့ ဟိုဘက်က ယာဉ်တစ်စီးကို မတော်တဆတိုက်မယ်ဆိုရင် ဟိုဘက်က ယာဉ်ရော၊ နောက် ကားပေါ်မှာပါသော ခရီးသွားတွေရောပေါ့၊ အကုန်လုံးအတွက် အာမခံလျော်ကြေး ပေးတာပေါ့"

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ YBS ယာဉ်လိုင်းတာဝန်ရှိသူတွေ တွေ့ဆုံရာမှာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က အလုံးစုံအာမခံတွေ ထားကြဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ YBS ယာဉ်အများစုက အလုံးစုံအာမခံ မထားရှိဘဲ မဖြစ်မနေထားရတဲ့ သူတစ်ပါး ထိခိုက်မှု အာမခံသာ ထားရှိကြတာဖြစ်ပါတယ်။

Power Eleven ကုမ္ပဏီ အနေနဲ့လည်း ကားအစီးရေ ၄၀ % သာ အလုံးစုံအာမခံထားရှိ ထားတာဖြစ်တဲ့အတွက် ကျန်တဲ့ကားတွေကို အာမခံထားရှိဖို့ စီစဉ်နေတယ်လို့ ဦးတရုတ်လေး က ပြောပါတယ်။

ယာဉ်လိုင်းတွေအနေနဲ့ တစ်နှစ်ကို တစ်ကြိမ် လုပ်ငန်းသက်တမ်းတိုးတဲ့အခါမှာ YRTA ရဲ့ ထောက်ခံချက် ယူကြရပြီး အဲဒီအခါမှာ အလုံးစုံအာမခံသက်တမ်းကို စစ်ဆေးကာ အလုံးစုံအာမခံမထားရှိတဲ့ ယာဉ်ဆိုရင် လုပ်ငန်းသက်တမ်း တိုးပေးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ