YBS ၅၉ ယာဉ်လိုင်းမှ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွား

YBS ၅၉ ယာဉ်တိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

    ရန်ကုန်ုမြို့ ၊ အောက်ကြည့်မြင့်တိုင်လမ်းရှိ ရန်ကုန် အနောက်ပိုင်း ခရိုင် ဆေးရုံအနီးတွင် ယနေ့ ဇူလိုင် ၁၄ ရက် ညနေပိုင်း အချိန်တွင် YBS ၅၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးမှ ယာဉ် ၈ စီးအထိ ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"YBS ၅၉ ကားက အနောက်ကနေ တိုက်မိတယ်။ရှေ့မှာ ကား ၈ စီးလောက် ထိသွားတယ် ကြားတယ်။ထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး။အနောက်ကနေ ဒဲ့ထိမိသွားတော့ ရှေ့က ဆက်တိုက် ဆင့်ကဲ ထိသွားတဲ့ သဘောပါ။ယာဉ်မောင်းကိုလဲ ရဲက ခေါ်ထားပါပြီ။ယာဉ်ပိုင်ရှင်တို့ ၊ တာဝန်ရှိတဲ့သူတွေ သွားပြီး ရှင်းနေကြပါပြီ။"ဟု YBS ၅၉ ယာဉ်လိုင်း တာဝန်ခံ ဦးသိန်းဇော်က ပြောသည်။

ထိုယာဉ်ဆင့်တိုက်မှု ဖြစ်စဉ်အား မျက်မြင် တွေ့ရှိခဲ့သူ တစ်ဦးက YBS ၅၉ ကားက အနောက်က ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၊ လမ်းမဘေးတွင် ရပ်တန့်နေသည့် ကား ၆ စီး အပါအဝင်  ကား ၈ စီးခန့် ပျက်စီးမှု ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ မတွေ့ရှိရကြောင်း ပြောသည်။

(Xinhua)
http://www.xinhuamyanmar.com
YBS ၅၉ ယာဉ်လိုင်းမှ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွား YBS ၅၉ ယာဉ်လိုင်းမှ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.