YBS ၅၅ နဲ့ ၃၇ တိုက်မှု ၁၆ ဦးသေ


၇.၇.၂၀၁၇ ရက်နေ့၊ ၁၃:၄၀ အချိန်ခန့်တွင် ရန်ကုန်-ပြည်လမ်းမကြီး၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်နန်းအဟောင်းအရှေ့တွင် YBS 37 နှင့် YBS 55ယာဉ်နှစ်စီး တိုက်မိကြောင်းသတင်းရရှိသည်။


 ထောက်ကြန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး၊ လူနာတင်ယာဉ် ၁စီး၊ ပုလဲအရန်မီးသတ်စခန်းမှ လူနာတင်ယာဉ် ၃စီး ထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။


YBS ၅၅ နဲ့ YBS ၃၇ တို့ တိုက်မိရာကနေ လူ ၁၆ ဦးသေဆုံး တယ်လို့ ၅၅ ယာဉ်လိုင်းဂိတ်မှူးကပြောကြောင်း ပေါ်ပြူလာသတင်း (fb) မှာ ဖော်ပြထားပါသည်။

"ဆေးရုံရောက်မှ ဆုံးတာ ၁၀ ဦး၊ ပွဲချင်းပြီး သေတာက ၆ ဦးပါ"လို့ ၅၅ ယာဉ်လိုင်း ဂိတ်မှူး ဦးကျော်ဦးက ပြောတာဖြစ်ပါတယ်။

သစ်ထူးလွင်

YBS ၅၅ နဲ့ ၃၇ တိုက်မှု ၁၆ ဦးသေ YBS ၅၅ နဲ့ ၃၇ တိုက်မှု ၁၆ ဦးသေ Reviewed by THITHTOOLWIN on 16:23 Rating: 5
Powered by Blogger.