သတ်မှတ်ထားသည့် လမ်းကြောင်း ဧရိယာပြင်ပထိ သွားရောက်မောင်း နှင်သည့် YBS ယာဉ် ၂၅စီးအား CNG ဝယ်ယူခွင့်ယာယီပိတ်သိမ်းထား
![]() |
ရန်ကုန်မြို့လမ်းများပေါ်တွင်ပြေးဆွဲနေသော YBS ဘတ်စ်ကားများအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ) |
ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ သတ်မှတ်ထားသည့် လမ်းကြောင်း ဧရိယာပြင်ပထိ သွားရောက်မောင်း နှင်သည့် YBS ယာဉ် ၂၅စီးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA) က ပထမဆုံးအကြိမ် အဖြစ် CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်း ထားသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ စွမ်းအင်ဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။
ထိုသို့ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် CNG အသုံးပြု မောင်းနှင်နေရသည့် YBS ယာဉ်များကို လောင်စာဖြတ်တောက်သည့် အနေဖြင့် CNG ဂက်စ်ဝယ်ယူခွင့် ပိတ်သိမ်းခြင်းသည် ထိရောက်သည့် ပြစ်ဒဏ်တစ်ခု ဖြစ်ကြောင်း၊ လောင်စာဝယ်ယူခွင့် ယာယီပိတ် သိမ်းထားသဖြင့် ယာဉ်လိုင်းပြေးဆွဲ၍ မရနိုင်ကြောင်း၊ အကယ်၍ CNG သုံး ခရီးသည်တင် မော်တော်ယာဉ်များကို အခြားလောင်စာဖြစ်သော ဒီဇယ်ဆီထည့်သွင်း၍ ပြောင်းလဲ မောင်းနှင်မည် ဆိုပါက ဘတ်စကား၏ အင်ဂျင်ပိုင်းကို ပြန်လည်ပြုပြင်ရမည်ဖြစ်ပြီး ဘက်စကား တစ်စီးအတွက် ပြုပြင်ကုန်ကျစရိတ်မှာ ခေတ်ကာလ ငွေကြေးအရ အနည်းဆုံး ငွေကျပ်သိန်း၎ဝ၊ ၅ဝခန့်ကုန်ကျမည် ဖြစ်ကြောင်း၎င်းတာဝန်ရှိသူကဆိုသည်။
(Xinhua)
http://xinhuamyanmar.com/myanmar
သတ်မှတ်ထားသည့် လမ်းကြောင်း ဧရိယာပြင်ပထိ သွားရောက်မောင်း နှင်သည့် YBS ယာဉ် ၂၅စီးအား CNG ဝယ်ယူခွင့်ယာယီပိတ်သိမ်းထား
Reviewed by THITHTOOLWIN
on
17:58
Rating:
