မောင်တောမြို့၊ ၃ မိုင်စစ်ဆေးရေးဂိတ်၌ WY စိတ်ကြွဆေးပြား ခုနှစ်သောင်းကျော်ဖမ်းဆီးရမိ


ချလူးအောင်၊ ဇူလိုင်လ ၂၁

မောင်တောမြို့၊ ၃ မိုင်စစ်ဆေးရေးဂိတ်၌ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၈ နာရီကျော် အချိန်ခန့်က စုစုပေါင်းကာလတန်ဖိုး ၁၅၆၀၀၀၀၀၀ ကျပ် WY စိတ်ကြွဆေးပြား ခုနှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများမှာ ဘူးသီးတောင်မှ မောင်တောမြို့သို့ ယဉ်မောင်းဖြစ်သူ စောအောင်ထူး မောင်းနှင်လာသည့် ၄၁/၈၈၂၃ ဟိုင်းလတ်ကား အမျိုးအစားအား မသင်္ကာသဖြင့်ရှာဖွေစစ်ဆေးရာ ကားပေါ်လိုက်ပါလာသူ ခရီးသည် ၆ ဦးအနက် နောရ်ဒေါ်လလ် အသက် (၂၃) နှစ်၊ မောင်တောမြို့ အမှတ် ၄ ရပ်ကွက်နေ စိုးနိုင် အသက် ၃၂ နှစ်တို့နှင့် အတူပါလာသည့် ပီနံအိတ်အဝါထဲမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးများအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ စိတ်ကြွဆေးဝါးများမှာ စုစုပေါင်း ကာလတန်ဖိုး ၁၅၆၀၀၀၀၀၀ ရှိပြီး၊ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ ၂ ဦးနှင့် သက်သေခံပစ္စည်များအား ဒုရဲအုပ် သိန်းဝင်းသူ မူးယစ်တပ်ဖွဲ့စု ၄၆ မှ ပြင်ဖြူ နယ်မြေစခန်း၌ တရားလိုပြုလုပ်တိုင်တန်ပြီး ဥပဒေအရအရေးယူမူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်းသိရသည်။

Development Media Group
https://www.facebook.com/dmgnewsagency/
မောင်တောမြို့၊ ၃ မိုင်စစ်ဆေးရေးဂိတ်၌ WY စိတ်ကြွဆေးပြား ခုနှစ်သောင်းကျော်ဖမ်းဆီးရမိ မောင်တောမြို့၊ ၃ မိုင်စစ်ဆေးရေးဂိတ်၌ WY စိတ်ကြွဆေးပြား ခုနှစ်သောင်းကျော်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.