မောင်တောတောင်ပိုင်း မြင်းလွတ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော်နှင့် အတူ လူ ၆ ဦးဖမ်းဆီးခံရ


နိရဉ္စရာ၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲတွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၅၀၀၊ ဆိုင်ကယ် ၄ စီးကို လူ ၆ ဦးနှင် အတူ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

မြင်းလွတ် စခန်းမှူး ဟိန်းထက်ကျော် ဦးစီး အဖွဲ့သည် မြင်လွှတ်မြို့ ရပ်ကွက် (၄) ဆီရာဇူရ်မောက်(ဘ)အာဇီရစ် နေအိမ်တွင် မူယစ်ဆေးဝါးများ သယ်ဆောင် ရောင်းချ နေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာမှ နေအိမ်ရှိ ဆန်သို လှောင်ထားသော အခန်းအတွင်း၌ အနက်ရောင် ပလပ်စတစ်အိတ်အတွင်းမှ wy စာတမ်းပါ စိတ်ကြွ မူးယစ်ဆေးဝါး ပန်းရောင်ဆေးပြား ၄၉၅၀၀ ပြား နှင့် လိုင်စင်မဲ့ တရုတ်နိုင်ငံလုပ် ၁၂၅ ဆိုင် ကယ် ၄ စီး၊ ဖုန်း ၆ လုံးနှင့် ငွေ ၁၀၅၂၀၀ ကျပ် တို့အား သိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ၁။ ဟာစီဒါခါတူ (၄၀)နှစ်(ဘ)နော်ဇိရ်အာမတ် /ဘင်္ဂလီ/ အစ္စလာမ် ရပ်ကွက် (၄) မြင်းလွတ် အိမ်ရှင်ဇနီး ၂။ ကာလ်မာ (၄၆)နှစ်(ဘ) နော်ဇီရာမောက်/ဘင်္ဂလီ/ အစ္စလာမ်/ သဝင်ချောင်း မောင်တောမြို့နယ် ၃။ ယဉ်မွန်(၃၁)နှစ် (ဘ) ဦးမောင်ဘစိန် /ရခိုင်/ဗုဒ္ဓ/ ခရေမြိုင်ရွာ မောင်တောမြို့နယ် ၄။ ဦးထွန်းမြင့် (၄၀) နှစ် (ဘ)ဦးကျော်လှထွန်း/ရခိုင်/ဗုဒ္ဓ/အောင်ဗလရွာ ရသေ့တောင် မြို့နယ် ၅။ သိန်းဝင်း (၄၅)နှစ်(ဘ)ဦးဖိုးစီ /ရခိုင်/ဗုဒ္ဓ ခရေမြိုင်ရွာ၊ မောင်တောမြို့နယ် ၆။ စံထွေးကျော်(၃၃)နှစ်(ဘ)ဦးဗလစိန်/ ရခိုင်/ဗုဒ္ဓ/ဒုံးပိုက်ရွာ ရသေ့တောင်မြို့နယ် တို့ ဖြစ်ကြသည်။

သူတို့ ၆ ဦးအား ပစ္စည်းများနှင့်အတူတွေ့ရှိရသဖြင့် သက်သေများဖြင့်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အင်းဒင်နယ်ခြားစောင့် ရဲစခန်းမှ ဒုရဲမှူးကြီး သန့်ဇင်ဦးမှ ပြောကြားသည်။

ဖမ်းဆီးရမိသူ ၆ ဦးအား သိမ်းဆည်းရမိသော သက်သေခံ ပစ္စည့်များနှင့်အတူ အလယ်သံကျော် ရဲစခန်း ၌ မြင်းလွှတ်စခန်း ဒုရဲအုပ် ဘုန်းနိုင်မှ တရားလို ပြုလုပ် တိုင်တန်းပြီး ဇူလိုင် ၁၇ ည ၈ နာရီ အချိန် အလယ်သံကျော် ရဲစခန်း မူယစ်(ပ) ၃/၂၀၁၇မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁/၂၀(က)ဖြင့် အမူဖွင့်လှစ် ထားကြောင်း စခန်းမှူးရဲအုပ် အောင်ကျော်မိုးမှ လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
မောင်တောတောင်ပိုင်း မြင်းလွတ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော်နှင့် အတူ လူ ၆ ဦးဖမ်းဆီးခံရ မောင်တောတောင်ပိုင်း မြင်းလွတ်တွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော်နှင့် အတူ လူ ၆ ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.