တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေအတွင်း UWSA ၀ တပ်ဖွဲ့ မြို့သစ်တည် လားဟူရွာ တရွာ နှင့် တောင်သုံးလုံးဖြို

Photo: မြို့သစ်စီမံကိန်းအတွက် တောင်ဖြို လယ်မြေဖို့မှု ပြုလုပ်နေကြပုံ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ UWSA ၀ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက်မြို့ အရှေ့ဘက်တွင် မြို့သစ်တည်ဆောက်ရန်အတွက် ကျေးရွာ ပြောင်းရွှေ့ မှုပြုလုပ်နေရကြောင်း စုံစမ်းသိရှိရသည်။

ဂျူလိုင်လဆန်းပိုင်းကအဆိုပါစီမံကိန်းစတင်နေသည်ဖြစ်ရာ ရွာဖယ်ရှားခြင်း လယ်ယာမြေများ သိမ်းပိုက် မြေဖို့ခြင်းများရှိသဖြင့် ကျေးလက်ရွာသားများအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ကျေးရွာအကြီးအကဲ တဦးကပြောသည်။

“မြို့ပြစီမံကိန်းလုပ်မယ်။ ခုလောလောဆယ်တော့ အိမ်ခြေ ၃၂ လုံးရှိတဲ့ ဂျတော်ခါး လားဟူ ရွာတရွာကို ၀ အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းနေတယ်။ ရွာသားတွေရဲ့ လယ်မြေကွက်တွေသိမ်းတယ်။ လက်မှတ် ထိုး ခိုင်းပြီးတော့ကိုသိမ်းသွားတာ။ လွယ်စဝ်မိန်းတောင်အပါအဝင် အနီးအနားက ယာမြေတွေကို လျော်ကြေး မပေးဘဲ ဇူလိုင်လ ဆန်းပိုင်းက သိမ်းသွားတယ်။ ရွာသားတွေက မျက်ရည်မျက်ခွက်ဖြစ်နေတယ်ခု။ အခါရွာသားတွေပေါ့။ ”- ဟု ဒေသခံ ဦးအိုက်နပ်က ပြောသည်။

မိုင်းပေါက် အခြေစိုက် ၀ တပ်ရင်းမှူး တဦးဖြစ်သည့် အားဖုန် က ဒေသခံများ ခေတ်မှီနေထိုင် နိုင်ဖို့ မြို့ပြစီမံကိန်းကို မြေဧကပေါင်း ၃၀၀၀ ခန့် ရှင်းလင်းထားကြောင်း သျှမ်းသံတော်ဆင့်အား ပြောသည်။

လာမည့် နှစ်အတွင်း စတင်နေထိုင်နိုင်ဖို့ အတွက် လက်ရှိတွင် တောတောင်ဖြိုဖျက်ကာ လယ်ယာမြေကွက်အတွင်း မြေဖို့ မှုတွေ များ စတင်လုပ်ဆောင်နေကြောင်းသိရပါသည်။

သျှမ်းသံတော်ဆင့်
http://burmese.panglong.org
တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေအတွင်း UWSA ၀ တပ်ဖွဲ့ မြို့သစ်တည် လားဟူရွာ တရွာ နှင့် တောင်သုံးလုံးဖြို တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေအတွင်း UWSA ၀ တပ်ဖွဲ့ မြို့သစ်တည် လားဟူရွာ တရွာ နှင့် တောင်သုံးလုံးဖြို Reviewed by THITHTOOLWIN on 06:24 Rating: 5
Powered by Blogger.