နေပြည်တော်၊ ဇူလိုင် ၂၉
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏မိုင်တိုင်အမှတ် ၄၅/၁ နှင့်၄၅/၂ အကြား နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ယာဉ်မောင်း ဖြိုးကောင်းစံမောင်းနှင်လာသော Toyota Celcia မော်တော်ယာဉ်မှာယနေ့ညနေ၅နာရီခွဲခန့်က အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရာထားသော အလူမီနီယံ တန်းကိုတိုက်ကာ လမ်းပေါ်သို့တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းပါနှစ်ဦးလုံး ဒဏ်ရာရရှိခ့၍ ဘောနီအမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပဲခူးဆေး ရုံသို့ပိုဆောင်ပေးခဲ့ရကြောင်း သိရသည်။ သို့ပါ၍ယာဉ်ကို မဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်းအား ဘောနီအမြန်လမ်းရဲတပ်ဖွဲ့မှအမှုဖွင့်အရေးယူထားကြောင်းသိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Nan Myat Oo (fb)
အမြန်လမ်းတွင် ToYoTa Celcia ယာဉ်တိမ်းမှောက်
Reviewed by THITHTOOLWIN
on
21:27
Rating:
