အမြန်​လမ်းတွင်​ Toyota Cara van ယာဉ်​တိမ်း​မှောက်​ ၄ဦးဒဏ်​ရာရ


နေပြည်​​တော်​၊ဇူလိုင်​ ၃၀

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​၁၇၁/၅ နှင့်​ ၁၇၁/၆ အကြား ​နေပြည်​​တော်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်း မျိုးမင်းသန့်​ ​မောင်းနှင်​လာ​သော Toyota Caravan ​မော်​​တော်​ယာဉ်​မှာ ယ​နေ့ည​နေ ၆နာရီခွဲက အ​နောက်​ဘီး​ပေါက်​ပြီးအရှိန်​မထိမ်းနိုင်​ဘဲ လမ်းလယ်​ကျွန်း​ပေါ်သို့ တိမ်း​မှောက်​ခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ယာဉ်​​ပေါ်တွင်​ယာဉ်​​မောင်းပါအမျိုးသား ၄ ဦး ၊အမျိုးသမီး ၉ ဦး ​ပေါင်း ၁၃ ဦးအနက်​၊အမျိုးသားတစ်​ဦး၊ အမျိုးသမီး ၃ဦး၊ ​ပေါင်း ၄ ဦးဒဏ်​ရာရရှိခဲ့သည်​။ ဒဏ်​ရာရရှိ သူများအား သာဂရရဲစခန်းပိုင်​ယာဉ်​ဖြင့်​ ​ရေတာရှည်​ ​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့ရသည်​။

သို့ပါ၍ယာဉ်​ကို မဆင်​မခြင်​​ပေါ့ဆစွာ​မောင်းနှင်​သူ ယာဉ်​​မောင်းအား သာဂရ အမြန်​လမ်းရဲတပ်​ဖွဲ့မှအမှုဖွင့်​အ​ရေးယူထား​ကြောင်း သိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
အမြန်​လမ်းတွင်​ Toyota Cara van ယာဉ်​တိမ်း​မှောက်​ ၄ဦးဒဏ်​ရာရ အမြန်​လမ်းတွင်​ Toyota Cara van ယာဉ်​တိမ်း​မှောက်​ ၄ဦးဒဏ်​ရာရ Reviewed by THITHTOOLWIN on 08:15 Rating: 5
Powered by Blogger.