![]() |
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo |
အသက် ၆၁ နှစ်အရွယ် Liu Xiaobo ဟာ တရုတ်နိုင်ငံမှာ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်၊ အကြမ်းမဖက်တိုက်ပွဲဝင်ခဲ့တာကြောင့် ၂၀၀၉ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှုနဲ့ ၁၁ နှစ် အကျဉ်းကျခဲ့ပြီး၊ အသဲကင်ဆာနောက်ဆုံးအဆင့် ခံစားနေရ တာကြောင့် ဇွန်လကုန်ပိုင်းက ဆေးကုသဖို့အတွက် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း Shenyang မြို့ကဆေးရုံကိုပို့ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဌာန ပြောခွင့်ရ Anna Richey-Allen က အမေရိကန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ၊ တရုတ်နိုင်ငံကိုခရီးသွားလာနိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကူအညီပေးမှာဖြစ်ပြီး၊ တရုတ်အာဏာပိုင်တွေအနေနဲ့ အမေရိကန်ဆရာဝန်တွေကို Liu Xiaobo ဆီ အကန့်အသတ်မရှိ သွားလာခွင့်ပြုဖို့ ပန်ကြားထာပြီးဖြစ်တယ်လို့ ပြောပါတယ်။
ပုံမှန်အားဖြင့် အရေးကြီးပုဂ္ဂိုလ်တွေကိုသာ နေရာပေးလေ့ရှိတဲ့ တရုတ်ဆေးဘက်ပညာသိပံ္ပတက္ကသိုည်ဆေးရုံရဲ့ ၂၃ ထပ်မှာLiu Xiaobo ကိုဆေးကုပေးနေတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဆေးကုသရေး၊ ကန်ဆရာဝန် လွှတ်ဖို့စီစဉ်
Reviewed by THITHTOOLWIN
on
23:56
Rating:
