KIA လက်နက်ကြီးစထိမှန်၍ ကလေးငယ်တစ်ဦးသေဆုံး၊ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လက်နက်ကြီးစထိမှန်၍ ကလေးငယ်တစ်ဦးသေဆုံး၊ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ
နေပြည်တော် ဇူလိုင် ၁၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း၌ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဇူလိုင် ၉ ရက် နံနက် ၃ နာရီခွဲတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ တိန်ကောက်ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခွဲခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါနေရာအနီး တောင်ယာတဲရှိ အသက် နှစ်နှစ်အရွယ် မောင်ဆန်းနိုင်ဒီး(ဘ) ဦးဆန်းနိုင်ဇီန်မှာ လက်နက်ကြီးစထိမှန်သေဆုံးခဲ့ပြီး ဦးဆန်းနိုင်ဇီန်နှင့် ဒေါ်အူတွန်နင်တို့တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လူနာများအား တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
KIA လက်နက်ကြီးစထိမှန်၍ ကလေးငယ်တစ်ဦးသေဆုံး၊ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ KIA လက်နက်ကြီးစထိမှန်၍ ကလေးငယ်တစ်ဦးသေဆုံး၊ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.