မော်စကို ၁၈-၇-၂၀၁၇
IS စစ်သွေးကြွခေါင်းဆောင် အဘူဘာကာ ဘဂ္ဂဒါဒီသည် အသက်ရှင်နေဆဲဖြစ်ပြီး ဆီးရီးယားနိုင်ငံအတွင်း ပုန်းအောင်းနေဆဲ ဖြစ်သည်ဟူသော အဆိုကို အတည်ပြုနိုင်ရန် စစ်ဆေးလျက်ရှိကြောင်း အီရတ်ပြည်ထဲရေး ဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် အကြမ်းဖက်ဝါဒ တန်ပြန်ရေးဌာနမှ အကြီးအကဲ အဘူအယ်လီဘက်ရီက ဇူလိုင် ၁၆ ရက်တွင် ပြောသည်။
IS စစ်သွေးကြွ အဖွဲ့က ၎င်းတို့၏ ခေါင်းဆောင်ဘဂ္ဂဒါဒီသည် ရုရှား၏ ဗုံးကြဲတိုက်ခိုက်မှု အတွင်းသေဆုံးကြောင်း အစီရင်ခံစာ တစ်စောင်တွင် အတည်ပြု ထုတ်ပြန်ပြီးနောက် ရက်သတ္တပတ်နီးပါး အကြာတွင် အီရတ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
IS စစ်သွေးကြွ ခေါင်းဆောင်မှာ သေဆုံးပြီဖြစ်ကြောင်း Al Sumaria သတင်းဌာနက ဇူလိုင် ၁၁ ရက်တွင် အတည်ပြု ဖော်ပြသည်။
ဘဂ္ဂဒါဒီသေဆုံးခြင်းဟုတ်၊ မဟုတ်ကို ရုရှားထောက်လှမ်းရေး အဖွဲ့က စုံစမ်းလျက်ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းအတိအကျ မရရှိကြောင်း၊ ထွက်ပေါ်လာသည့် သတင်းများမှာ ရှေ့နောက် မညီကြောင်းကရင်မလင် နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။
မေလကုန်ပိုင်းတွင် အီရတ်နိုင်ငံတောင်ပိုင်း ရက်ကာမြို့ ဆင်ခြေဖုံး ရပ်ကွက်ရှိ IS စစ်သွေးကြွ အဖွဲ့၏စခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ IS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီမှာ ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးဖွယ်ရှိသည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇွန် ၁၆ ရက်တွင် ပြောသည်။
PyiChitThar
http://www.pyichitthar.com
IS စစ်သွေးကြွ ခေါင်းဆောင် အဘူဘာကာဘဂ္ဂဒါဒီမှာ အသက်ရှင်နေဆဲဖြစ်ပြီး ပုန်းအောင်းနေဟုဆို
Reviewed by THITHTOOLWIN
on
18:10
Rating:
