မုံရွာတက္ကသိုလ်ဖေ့ဘုတ်စာမျက်နှာ အတုဖြင့် H1N1 သတင်းဖွသူအား တက္ကသိုလ်မှ တရားစွဲမည်


မုံရွာ၊ ဇူလိုင် ၂၈။

မုံရွာတက္ကသိုလ်ဖေ့ဘုတ် စာမျက်နှာအတုဖြင့် သမိုင်းမေဂျာတတိယနှစ်ကျောင်းသားတစ်ဦး ရာသီတုပ်ကွေး H1N1 ကူးစက်ခံနေရပြီး ဆေးရုံတက်နေရသည်ဟု သတင်းရေးသားတင်သူအား တက္ကသိုလ်မှ တရားစွဲ သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်က မုံရွာဆေးရုံအုပ်ကြီးရုးံခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။


ယနေ့ နံနက်ပိုင်းက Monyws University Facebook Page တွင် အနီရောင်အဆင်ဟူ၍ မုံရွာမြို့တွင် ကြက်များထောင်ချီသေဆုါံ်ဗသော ကြက်ခြံအနီးနေအိမ်တွင် H1N1 ဗိုင်းရပ်ပိုးကူးစက်ခံရသော လူနာတစ်ဦးတွေ့ကြောင်း ထိုသူသည် အသက်၂၃ နှစ်ရှိ မုံရွာတက္ကသိုလ်သမိုင်းမေဂျာတတိယနှစ်ဖြစ်ကြောင်း၊ ဆေးရုံအုပ်ကြီးမှ မုံရွာတက္ကသိုလ်တွင် အသိပညာပေးဟောပြောပွဲများ လုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်တွင် လက်ရှိဖြစ်နေသော ဓာတ်ပုံများဖြင့် မမှန်သတင်းအား သတင်းတင်ခဲ့ခြင်း ဖြစ်သည်။

"အိုင်တီပညာရှင်တွေအကူအညီနဲ့ page ပိုင်ရှင်ကိုဖော်ထုတ်သွားမယ်၊ တက္ကသိုလ် Image ကို ထိခိုက်စေတယ်၊ ဒီသတင်းကို like နဲ့ share မလုပ်ဖို့ပြောချင်ပါတယ်၊ တက္ကသိုလ်ဆေးရုံကြီးမှာရော မုံရွာဆေးရုံကြီးမှာရော H1N1 နဲ့ တက်နေရတဲ့ လူနာ မရှိပါဘူး" ဟု မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်တန်း)ဒေါက်တာ သက်နိုင်ဦးက ပြောသည်။

မုံရွာတက္ကသိုလ်တွင် Major ပေါင်းစုံမှ Day တက်နေသော ကျောင်းသား၊ကျောင်းသူ တစ်သောင်းကျော် ရှိပြီး စာမေးပွဲဖြေရန် တစ်လ ခန့်သာလိုတော့ကြောင်း၊၄င်းအပြင် နည်းပြ စာမေးပွဲများဖြေဆိုနေချိန်ဖြင့် တိုက်ဆိုင်စွာ ယင်းကဲ့သို့ မမှန်းသတင်းများ ထွက်ပေါ်ခြင်း ဖြစ်ည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
မုံရွာတက္ကသိုလ်ဖေ့ဘုတ်စာမျက်နှာ အတုဖြင့် H1N1 သတင်းဖွသူအား တက္ကသိုလ်မှ တရားစွဲမည် မုံရွာတက္ကသိုလ်ဖေ့ဘုတ်စာမျက်နှာ အတုဖြင့် H1N1 သတင်းဖွသူအား တက္ကသိုလ်မှ တရားစွဲမည် Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.