အစိုးရရုံးစိုက်ရာ နေပြည်တော်မှာရာသီတုပ်တွေး ရာသီတုပ်ကွေး H1N1ပိုး ကူးစက်တယ်လို့သံသယရှိသူနှစ်ဦးစစ်ဆေးတွေ့ရှိထားကြောင်း နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီး ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေးက ဇူလိုင်(၂၈)ရက် ညနေပိုင်းက အတည်ပြုပြောကြား ပါတယ်။
ဇူလိုင်(၂၇)၇က် ညနေပိုင်းက နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံကြီးကို လယ်ဝေးဆေးရုံက ကိုယ်ဝန်ဆောင်သည်တစ်ဦး လွှဲပြောင်းရောက်ရှိလာရာ H1N1သံသယရှိတဲ့အတွက် ဆက်လက်စစ်ဆေးကုသနေတယ်လို့ ဒုတိယဆေး၇ုံအုပ်ကြီးကပြောပါတယ်။
နောက်တစ်ယောက်ကတော့ ဇူလိုင်(၂၈)ရက်ညနေပိုင်းက(၇)လသားယောက်ျားလေး ကလေးငယ်တစ်ဦး ရာသီတုပ်ကွေးရောဂါနဲ့ လယ်ဝေးဆေးရုံကနေလွှဲပြောင်းရောက်ရှိလာရာကလေးဆေးရုံကို ဆက်လက်ပေးပို့ကုသပေးသွားမယ်လို့ဆိုပါတယ်။
နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံကြီးမှာလိုအပ်တဲ့ ဆေးဝါးနဲ့လိုအပ်တဲ့ပစ္စည်းတွေကို ကုသရေး ဦးစီးဌာနရုံးချုပ်က ပေးပိုထားတယ်လို့သိရပါတယ်။ လက်ရှိ သံသယရှိသူ နှစ်ဦး စလုံးရဲ့အခြေအနေဟာ စိုးရိမ်စရာ မရှိသေးကြောင်း၊ ကိုယ်ဝန်ဆောင်သည်ကို သီးသန့်ခန်းမှာအနီးကပ်စောင့်ကြည့်ကုသနေပြီး (၇)လသားကလေးကိုတော့ ဥတ္တရသီရိကလေးဆေးရုံကို ဆက်လက်ပေးပို့သွားမယ် လို့ဆိုပါတယ်။
ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ရဲ့ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် (၁၉)ရက် ကနေ ဇူလိုင်(၂၇)ရက် နေ့လယ် (၂)နာရီ အထိ ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင် ရောဂါနဲ့လူနာအယောက်(၅၀)ကိုဆေးကုသ မှုပေးခဲ့ပြီး Influenza A (H1N1) pdm 2009-Positive စုစုပေါင်းလူနာ အယောက်(၃၀) ရှိခဲ့ရာ အဲဒီအနက်မှ (၆)ဦးသေဆုံးခဲ့တယ် လို့ သိရပါတယ်။ဒီသတင်းကို လွှတ်တော် ချန်နယ် က မင်းဇင်ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
နေပြည်တော်တွင် ရာသီတုပ်ကွေးရောဂါ H1N1 ပိုးသံသယရှိသူနှစ်ဦးတွေ့ရှိ
Reviewed by THITHTOOLWIN
on
05:39
Rating:
