ရန်ကင်းကလေးဆေးရုံကြီးက ကလေး(၂)ဦးမှာ H1N1 နဲ့ H3N2 ဗိုင်းရပ်စ်ပိုးတွေ့ရှိ


ရန်ကင်းကလေးဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကလေးငယ်(၁)ဦးမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေတာကို တွေ့ရှိရတယ်လို့ ရန်ကင်းကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောပါတယ်။

 အဲဒီကလေးငယ်ဟာ စမ်းချောင်းမြို့နယ်နေ အသက်(၃)နှစ်အရွယ် ကလေးငယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲခူးမြို့နယ် သက္ကလမြို့နေသူ ကလေးငယ်တစ်ဦး မှာလည်း ရာသီတုပ်ကွေး H3N2 ဗိုင်းရပ်စ်ပိုးကိုလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။

 အသစ်ထပ်တွေ့ရှိရတဲ့ H3N2 ပိုးအမျိုးအစားဟာ H1N1 ဗိုင်းရပ်စ်ပိုးကနေ အသွင်ပြောင်းဖြစ်လာပြီး ပိုပြီးပြင်းထန်လားဆိုတာ ပြောဖို့ခက်တယ်လို့ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးလုံး ကို ရန်ကင်းကလေးဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေတယ်လို့ သိရပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/
ရန်ကင်းကလေးဆေးရုံကြီးက ကလေး(၂)ဦးမှာ H1N1 နဲ့ H3N2 ဗိုင်းရပ်စ်ပိုးတွေ့ရှိ ရန်ကင်းကလေးဆေးရုံကြီးက ကလေး(၂)ဦးမှာ H1N1 နဲ့ H3N2 ဗိုင်းရပ်စ်ပိုးတွေ့ရှိ Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.