အမြန်​လမ်းမကြီးတွင်​ ဂျူပီတာ Express ယာဉ်​တိမ်း​မှောက်​ ၇ ဦး ဒဏ်​ရာရ


နေပြည်​​တော်​ ၊ဇူလိုင်​ ၂၆

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီးတွင်​ ဇူလိုင်လ ၂၆ရက်နေ့ ယ​နေ့နံနက်​ ၆ နာရီခွဲ က ဂျူပီတာ Expressယာဉ်​ တိမ်း​မှောက်​ခဲ့၍ ၇ ဦးဒဏ်​ရာရရှိခဲ့​ကြောင်း အမြန်​လမ်းရဲတပ်​ဖွဲ့မှသိရသည်​။

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၁၆၁/၇ နှင့်​ ၁၆၂/၀ အကြား ​နေပြည်​​တော်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာ​ဉ်​မောင်း သန်းလင်း​အောင်​​မောင်းနှင်​လာ​သော ဂျူပီတာ Express ယာဉ်​မှာ ယ​နေံ့နံနက်​ ၆ နာရီခွဲက အရှန်​မထိမ်းနိုင်​ဘဲ လမ်းလယ်​ကပ်​တုံး များတိုက်​ကာ တိမ်း ​မှောက်​ခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ ယာဉ်​​ပေါ်တွင်​ ယာဉ်​​မောင်းပါ အမျိုးသား ၅ ဦး၊အမျိုးသမီး ၇ ဦး ​ပေါင်း ၁၂ဦးအနက်​ အမျိုးသား ၂ ဦး ၊အမျိုးသမီး ၅ ဦး ​ပေါင်း ၇ ဦး ဒဏ်​ရာရရှိခဲ့သည်​။ ဒဏ်​ရာရရှိသူများအား ဇီးပင်​သာ အမြန်​လမ်းရဲတပ်​ဖွဲ့ပိုင်​ယာဉ်​ဖြင့်​ ​တောင်​ငူ​ဆေးရုံသို့ပို​ဆောင်​​ပေးခဲ့ရသည်​။ သို့ပါ၍ယာဉ်​ကိုမဆင်​မခြင်​​မောင်း​ပေါ့ဆစွာနှင်​သူ ယာဉ်​​မောင်းအားသက်​ဆိုင်​ရာက အ​ရေးယူအမှုဖွင့်​ထား​ကြောင်းသိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
အမြန်​လမ်းမကြီးတွင်​ ဂျူပီတာ Express ယာဉ်​တိမ်း​မှောက်​ ၇ ဦး ဒဏ်​ရာရ အမြန်​လမ်းမကြီးတွင်​ ဂျူပီတာ Express ယာဉ်​တိမ်း​မှောက်​ ၇ ဦး ဒဏ်​ရာရ Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.