အမြန်​လမ်းမကြီးတွင်​ ချင်း​တောင်​တန်း Express ခရီးသည်​တင်​ယာဉ်​ တိမ်း​မှောက်


နေပြည်​​တော်​၊ ဇူလိုင်​ ၁၀

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​၁၆၇/၅ နှင့်​ ၁၆၇/၆ အကြား ရန်​ကုန်​ဘက်​မှ ​နေပြည်​​တော်​ဘက်​သို့ ယာဉ်​​မောင်းဖြိုး​ဝေလင်း​ ​မောင်းနှင်​လာ​သော ချင်း​တောင်​တန်း Express ခရီးသည်​တင်​​မော်​​တော်​ယာဉ်​မှာ ဇူလိုင်လ ၁၀ ရက်နေ့ ည ၇ နာရီခန့်​က ​ရှေ့ဘီး​ပေါက်​ကာ အရှိန်​မထိမ်းနိုင်​ဘဲ လမ်းလယ်​ကွန်းတိုက်​ကာ တိမ်း​မှောက်​ခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ Express ခရီးသည်​တင်​ယာဉ်​တွင်​ ယာဉ်​​မောင်းပါ အမျိုးသား ၂၀ ဦး ၊အမျိုးသမီး ၁၀ ဦး​ပေါင်း ၃၀ ဦးအနက်​ အမျိုးသမီး ၂ ဦး ဒဏ်​ရာရရှိခဲ့သည်​။ဒဏ်​ရာရရှီသူများအား သာဂရအမြန်​လမ်းရဲတပ်​ဖွဲ့စခန်းပိုင်​​မော်​​တော်​ယာဉ်​ဖြင့်​ ​ရေတာရှည်​ ​ဆေးရုံသို့ပို့​ဆောင်​​ပေးခဲ့ရ​ကြောင်းသိရသည်​။ သို့ပါ၍ယာဉ်​ကို မဆင်​မခြင်​​ပေါ့ဆစွာ​မောင်းနှင်​သူ Express ခရီးသည်​တင်​ယာဉ်​​မောင်းအား သာဂရ အမြန်​လမ်းရဲတပ်​ဖွဲ့စခန်းမှ အမှုဖွင့်​အ​ရေးယူထား​ကြောင်းသိရသည်​။

သတင်း-သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ-အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
အမြန်​လမ်းမကြီးတွင်​ ချင်း​တောင်​တန်း Express ခရီးသည်​တင်​ယာဉ်​ တိမ်း​မှောက် အမြန်​လမ်းမကြီးတွင်​ ချင်း​တောင်​တန်း Express ခရီးသည်​တင်​ယာဉ်​ တိမ်း​မှောက် Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.