![]() |
အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်။ Photo: MOI |
ဒီကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးတဲ့ကိုယ်စားလှယ်ပေါင်း ၁၄ ဦးရှိပြီး၊ အဲဒီအနက် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးကတော့ ၆၆ (ဃ) ကို ဒီအတိုင်း ဆက်လက်ပြီး ထားရှိသင့်တဲ့အကြောင်း ဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးသူတွေထဲမှာ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်က ဒီပုဒ်မကို ဖျက်သိမ်းသင့်တယ်လို့ဆွေးနွေးသွား ပါတယ်။
မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၅) ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း ကတော့ ပုဒ် ၆၆ (ဃ) အပြင် ပုဒ်မခွဲ (ဂ) ပါဖျက်သိမ်းဖို့ဆွေးနွေးခဲ့ တယ်လို့ RFA ကိုပြောပါတယ်။
ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းဖို့၊ ဒီနေ့ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေအပါအဝင်၊ ဥပဒေကြမ်းကော်မတီ ဝင်တွေ၊ ဆက်သွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ တရားရေးဌာနက ပုဂ္ဂိုလ်တွေဆက်လက်ဆွေးနွေးရ မယ်လို့သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းရေး အဆို အမျိုးသား လွှတ်တော်ဆွေးနွေး
Reviewed by THITHTOOLWIN
on
22:06
Rating:
