မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကြိုးပစ်ကာ နေအိမ်တဲ မီးလောင်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ရေနံ့သာရဲကင်းစခန်းရဲ့ မြောက်ဘက်(၆)မိုင်ခန့်အကွာ၊ နတ်မီးကျေးရွာအုပ်စု၊ ကြပ်ကြီးကျေးရွာရှိ နေအိမ်(၁)အိမ်ကို ဇူလိုင်(၈)ရက် ညနေ(၄)နာရီ (၅)မိနစ်က မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ကာ နေအိမ်တဲကို မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

 အဲဒီမီးလောင်မှုကိုကျေးရွာအရန်မီးသတ် တပ်စုမှူး(၃)ဦး၊ ရွာသူရွာသား(၁၀)ဦး ခန့်က ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၄)နာရီခွဲမှာ မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

မိုးကြိုးပစ်မှုကြောင့်ဝါးထရံကာဝါးခင်းနေအိမ်တဲတန်ဖိုးကျပ်(၄)သောင်းခန့်ဆုံးရှုံးခဲ့ပြီးဖြစ်ပွားချိန်မိသားစု(၄)ဦးမှာကြပ်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းကိုအလှူသွားနေတာကြောင့်ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပြီးတစ်ရွာထဲကအမျိုးနေအိမ်ကိုပြောင်းရွေ့နေထိုင်နေရတယ်လို့သိရပါတယ်။ ဒီသတင်းကို အောင်ကျော်သူ(ကံမ)ကပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကြိုးပစ်ကာ နေအိမ်တဲ မီးလောင်မှုဖြစ်ပွား မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးကြိုးပစ်ကာ နေအိမ်တဲ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.