မွန်လွှတ်တော်ရုံးအရာရှိ လာဘ်ယူတဲ့ကိစ္စ ဝန်ကြီးချုပ်ဆီ မရောက်သေး

မွန်ပြည်နယ်လွှတ်တော် ဆိုင်းပုဒ်ကိုတွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
မွန်ပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းသစ်တွေဆီကနေ လာဘ်ငွေတောင်းယူတဲ့ လွှတ်တော်ဦးစီးမှူးအပါအဝင် ၃ ဦးကို အရေးယူပေးဖို့အတွက် ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ကို အစီရင်ခံစာပို့ထားပေမယ့် အဲဒီ အစီရင်ခံစာဟာ ၁၀ ရက်ကျော်တဲ့အထိ ၀န်ကြီးချုပ်ဆီ မရောက်သေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။။

လွှတ်တော် ကော်မတီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို RFA က မေးမြန်းရာမှာ သူ့ဆီကို အစီရင်ခံစာ မရောက်သေးဘူးလို့ ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိကတော့ လာဘ်ငွေ တောင်းယူမှုနဲ့ ပတ်သက်တဲ့ လွှတ်တော်ရဲ့ အစီရင်ခံစာကို ဇူလှိုင်လ ၁၇ ရက်နေ့ကတည်းက ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် ကို ပေးပို့ထားတယ်လို့ ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့က အတည်ပြုခန့်အပ်ခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်ရုံးက အငယ်တန်းစာရေး ကိုးဦးဆီကနေ လွှတ်တော်ရုံး ဦးစီးမှူး အပါအဝင် ၃ ယောက်က ငွေကျပ်သုံးသိန်းစီပေးဖို့ တောင်းယူခဲ့တယ်လို့ ငွေတောင်းခံရ သူတစ်ယောက်က တိုင်ကြားခဲ့တာပါ။

ဒီလိုတိုင်ကြားတာကြောင့် မွန်ပြည်နယ် လွှတ်တော်  တိုင်ကြားစာ၊အသနားခံစာ၊ တင်ပြစာနဲ့ အထွေထွေကိစ္စရပ် များကော်မတီက စစ်ဆေးခဲ့ပြီး ငွေသုံးသိန်းတောင်းယူတာ မှန်ကန်ကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
မွန်လွှတ်တော်ရုံးအရာရှိ လာဘ်ယူတဲ့ကိစ္စ ဝန်ကြီးချုပ်ဆီ မရောက်သေး မွန်လွှတ်တော်ရုံးအရာရှိ လာဘ်ယူတဲ့ကိစ္စ ဝန်ကြီးချုပ်ဆီ မရောက်သေး Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.