ထားဝယ်၊ ဇူလိုင် ၂၅
ထားဝယ်တွင် ကြက်ငှက်တုပ်ကွေးတွေ့ရှိသည်ဟု ဇူလိုင်လ ၂၅ ရက်က ထားဝယ်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သိန်းဇော်မင်းက ပြောသည်။
ထားဝယ်မြို့ ၀ဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ကြက်ခြံအချို့တွင် မွေးမြူထားသည့် ကြက်များအနက်မှ ကြက်ကောင်ရေ ထောင်ချီ သေဆုံး ခဲ့သည့်အတွက် ကြက်အသေ နမူနာများကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့ ဓာတ်ခွဲစစ်ဆေးရာ ဇူလိုင်လ ၂၅ ရက်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေကြောင်း အဖြေထွက်သည်ဟု ထားဝယ်မြို့နယ် တိမွေး/ကု ဦးစီးမှူး ဒေါက်တာ သိန်းဇော်မင်းက ပြောသည်။
“ကြက်ငှက်တုပ်ကွေးဆိုတာတော့ ဒီနေ့ အဖြေတွေ့ပြီ၊ အမျိုးအစားက မနက်ဖြန်မှ သိမယ်” ဟု ဦးစီးမှူး ဒေါက်တာ သိန်းဇော်မင်းက ပြောသည်။
ဓာတ်ခွဲခန်းမှ အမျိုးအစားခွဲထားသည့် အဖြေကိုမူ ဇူလိုင်လ ၂၆ ရက်တွင် သိရမည်ဟု ၎င်းက ပြောသည်။
Dawei Watch
https://www.facebook.com/DaweiWatch/
ထားဝယ်တွင် ကြက်ငှက်တုပ်ကွေး တွေ့၊ ကြက်ဥ ကြက်သား ရောင်းဝယ်ခွင့်ပိတ်
Reviewed by THITHTOOLWIN
on
22:10
Rating:
