![]() |
ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Tomomi Inada အား တွေ့ရစဉ် (ဆင်ဟွာ) |
တောင်ဆူဒန်တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအဖြစ် ဂျပန်နိုင်ငံ မြေပြင် ကိုယ်ပိုင် ကာကွယ်ရေး တပ်သားများ နေ့စဉ်ပါဝင်လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ခြင်းအား ဖုံးကွယ်ထားကြောင်း စွပ်စွဲခံရမှုကြောင့် ကာကွယ်ရေးဝန်ကြီး Tomomi Inada က ရာထူးမှ နုတ်ထွက်စာ တင်ထားကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ဇူလိုင်လ ၂၈ ရက်တွင် ကြေညာလိုက်သည်။
Inada ၏ နုတ်ထွက်မှုသည် လာမည့် သီတင်းပတ်အတွင်း ပြုလုပ်မည့် ဝန်ကြီးချုပ်၏ အစိုးရအဖွဲ့ အပြောင်းအလဲ အစီအစဉ် မတိုင်မီ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
Inada သည် ရာထူးမှ နုတ်ထွက်မည်ဆိုသော်လည်းပဲ ၎င်းအပေါ် စွပ်စွဲချက်များအား ငြင်းဆိုထားသည်။ ၎င်း၏ နုတ်ထွက်မှုအား ဝန်ကြီးချုပ် အာဘေးက လက်ခံခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးအသစ်အား မခန့်အပ်မီအထိ နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida က တာဝန်ယူထားမည် ဖြစ်သည်။
(Xinhua)
http://www.xinhuamyanmar.com
ဂျပန်တွင် အရှုပ်တော်ပုံဖြစ်ပွားပြီးနောက် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်
Reviewed by THITHTOOLWIN
on
15:53
Rating:
