နေပြည်တော်၊ ဇူလိုင် ၂၄။
မိုးရာသီမှာ လူကြီးလူငယ်မရွေး အအေးမိ ဖျားနာမှုများမှ သာမန် ထုတ်ကွေး ရောဂါ ခံစားရတက်ပြီး သာမန်တုပ်ကွေးရောဂါပိုးမှ တဆင့် ဆေးကုသမှုခံယူနေရင်း ပြင်းထန်သည့် ရောဂါလက္ခဏာ H1N1 လို့ခေါ်သည့် ကမ္ဘာ့လူထုတ်ကွေး ရောဂါကို ကူးစက်နိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်နှင့် ချင်းပြည်နယ်တို့မှာ H1N1 ပြင်းထန် ထုတ်ကွေးရောဂါကို လူ ၁၃ ဦး တွင် တွေ့ရှိရပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
“H1N1 ဟာ အခုမှ မြန်မာနိုင်ငံမှာ စဖြစ်တာမဟုတ်ပါဘူး။ ၂၀၀၉ ခုနှစ်ကတည်းက စပြီးတော့မှ ဖြစ်ပွားခဲ့တယ် ဆိုတာကို ကျနော်အနေနဲ့ အခုမှ အသစ်အဆန်းဖြစ်တာမဟုတ်ဘူးဆိုတာကို ပြောလိုပါတယ်။ ဒီလို တုတ်ကွေး ဟာ ကြက်ငှက်တုပ်ကွေးလဲ မဟုတ်ပါဘူး။ ကြက်က ကူးစက်တဲ့ ဟာလဲ မဟုတ်ပါဘူး။ ကမ္ဘာ့ လူ့တုပ်ကွေး လို့ ခေါ်ပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် က ပြောသည်။
ကမ္ဘာ့လူတုပ်ကွေးဟာ ၂၀၀၉ ခုနှစ်ကတည်းက ကမ္ဘာ့တစ်ဝှမ်းမှာ ဖြစ်ပွားခဲ့ပြီး ပြင်းထန်သည့် ရောဂါပိုး တစ်မျိုး ဖြစ်ကာ ကူးစက်မှုအား ကုသနိုင်ပေမယ့် ပြင်းထန်သည့် ရောဂါလက္ခဏဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရောဂါပိုး ကူးစက်မှုကို အအေးမိ၊ ဖျားနာ၊ သန့်ရှင်းနေထိုင်မှုများဖြင့် ကာကွယ်နိုင်ပြီး နှာစေး ချောင်းဆိုးလျှင် လက်ကိုင်ပ၀ါဖြင့် အုပ်၍ဆိုးခြင်း၊ အရာဝတ္တု တစ်ခုခု ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ခြင်း၊ လူစုလူဝေးများသည့် နေရာများတွင် နေထိုင်မှု ရှောင်ကြဉ်ခြင်း၊ ပြင်ပ ဆေးခန်းများတွင် တုပ်ကွေး ရောဂါ လာရောက်ကုသမှုများအား ကျန်းမာရေးဦးစီးဌာနသို့ သတင်းပေးပို့ရန် လိုအပ်ချက်များဖြင့် ၎င်း ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင် ၁၆ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၂၃၂ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၉ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၆၇ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉ ဦးနှင့် ၂၀၁၁/၂၀၁၃ (ဒေတာမရှိသေး)တို့တွင် အဆိုပါ ကမ္ဘာ့လူတုပ်ကွေးရောဂါပိုး H1N1 တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
ရာသီတုပ်ကွေးမှတဆင့် ပြင်းထန်သည့်ုတုတ်ကွေး ဖြစ်ပွားနိုင်မှုကြောင့် သတိပြုရန်လိုအပ်
Reviewed by THITHTOOLWIN
on
20:49
Rating:
