![]() |
ရှမ်းပြည်မြောက်ပိုင်း သိန်းနီမြို့နယ်မှာ နယ်မြေအခြေအနေ မလုံခြုံတာကြောင့် သိန်းနီမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ကျေးရွာသားတွေ ကို တွေ့ရစဉ်။ ဓါတ်ပုံ - နန်းခင်ထားရီ |
မနေ့ကစပြီး ခမ်းတိမ်းကျေးရွာအုပ်စုအတွင်းက ရွာပေါင်း ၇ ရွာက ဒေသခံတွေဟာ သိန်းနီမြို့ပေါ်ကို ထွက်ပြေး လာကြတာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီက ပြောပါတယ်။
"တပ်မတော်ကဝင်သွားတော့ တစ်ကယ်လို့ TNLA နဲ့ တွေ့လို့ရှိရင် တိုက်ပွဲဖြစ်မှာစိုးလို့ ရွာသားတွေ ကို ရှောင်ခိုင်းတာ မနေ့က ၂၉၆ ပဲရောက်တယ် ဒီနေ့ ထပ်တိုးလာလို့ အားလုံးပေါင်းသွားတော့ ၇၃၁ ရှိတယ်၊ ကျမတို့ ရပ်မိရပ်ဖတွေရော၊ စေတနာရှင်တွေရော၊ ဌာနဆိုင်ရာတွေ လွှတ်တော် ကိုယ်စားလှယ်တွေ ပေါင်းပြီးအလှူခံလိုက်တာ သိန်း ၃ဝ လောက်ရပါပြီရှင့်"
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အစိုးရတပ်မတော်စစ်ကြောင်းတွေလည်း အဲဒီရွာတွေဘက်ရောက်လာကြသလို အဲဒီကျေးရွာတွေတဝိုက်မှာ TNLA အဖွဲ့တို့ လှုပ်ရှားတဲ့နေရာလည်းဖြစ်တဲ့အတွက် နှစ်ဘက်စစ်ရေး တင်းမာနေကြတယ်လို့လည်း ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ကျေးရွာသား ၇ဝဝ ကျော်လောက် ထွက်ပြေးလာ
Reviewed by THITHTOOLWIN
on
19:18
Rating:
