![]() |
မုန်တိုင်းကြောင့် စစ်တွေမြို့ မင်းဂံရပ်ကွက် ရထားလမ်းဘေးတလျှောက်က ပျက်စီးသွားတဲ့နေအိမ်ကို မေလ ၃ဝ ရက်နေ့က တွေ့ရစဉ်။ Photo: Min Thein Aung/RFA |
ယူရိုငွေတစ်သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိုရာမုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် ကူညီသွားမှာဖြစ်ပြီး၊ ကျန် ယူရိုငွေ ငါးသိန်းကိုတော့ မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ် အဓိကခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် ကူညီသွားမယ်လို့ ဆိုပါတယ်။
မေလ ၃၀ ရက်နေ့က တိုက်ခတ်သွားတဲ့ မိုရာ လေမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူ ၉ ဦး သေဆုံးခဲ့ရပြီး၊ နေအိမ် ၅၂၀၀ လောက် ပျက်စီးခဲ့ရတဲ့အပြင် လူ ၂ သိန်းလောက် ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ခဲ့ ရပါတယ်။
RFA Burmese
http://www.rfa.org/burmese
မိုရာ မုန်တိုင်းဘေးအတွက် ယူရိုငွေတစ်သန်းခွဲ အီးယူ လှူဒါန်းမည်
Reviewed by THITHTOOLWIN
on
03:36
Rating:
