ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တော သုံးမိုင်တွင် ဖမ်းမိ


နိရဉ္စရာ၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့ ၃ မိုင်တွင် ကျပ်သိန်း ၁၅၆၀ တန်ဖိုးရှိ WY အမှတ် တံဆိပ်ပါ စိတ်ကြွ ယာဘားဆေးပြား ခုနှစ်သောင်းကျော် ဖမ်းမိသည်ဟု သတင်း ရရှိသည်။

“ မောင်တောမြို့ ၃ မိုင် စစ်ဆေးရေးဂိတ်မှာ မနေ့ည ၈ နာရီ ၄၀ မိနစ်မှာ လက်ရှိ တန်ဖိုးနဲ့ ဆိုရင် ၁၅၆၀၀၀၀၀၀ တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေး ၇၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု မောင်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မောင်တောမြို့ ၃ မိုင် စစ်ဆေးရေးစခန်း ရုံးမှ ကင်းတာဝန်ကျဖြစ်သော ရဲ ဒုတပ်ကြပ် ဘိုဘိုဟန်၊ တေဇော်ထိုက်တို့ အဖွဲ့မှ သုံးမိုင်ဂိတ်တွင် ပိတ်ဆို့ရှာဖွေရာ ဘူးသီးတောင် မှ မောင်တော သို့ ယာဉ်မောင်း စောအောင်ထူး မောင်းနှင်းလားသော ယာဉ်အမှတ် 41/8823 ဟိုင်းလတ် ကားအား ရပ်တန့်စစ်ဆေးရာမှ ၎င်းဆေးပြားများကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

“စခန်းမှူး ရဲမှူး ဇော်ဇော်နေဟိန်းထံ သတင်းပို့ပြီး ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေး ဆောင်ရွက်တော့ ယာဉ်ပေါ်ပါ ခရီးသည် ၆ ဦးရဲ့ ခရီးဆောင်အိတ်တွေထဲက မသင်္ကာဖွယ် အထုပ် ၁ ထုပ် တွေ့ရှိ စစ်ဆေးတော့ ပီနံအိတ် အဝါရောင်ထဲမှာ အဝတ်အစားများနဲ့ ရောထွေး သယ်ဆောင်လာသည့် အဲဒီစိတ်ကြွဆေးပြား ၇၈၀၀၀ ကို ဖမ်းမိတာပါ” ဟု ၎င်းရဲအရာရှိက ပြောသည်။

၎င်းစိတ်ကြွဆေးပြားများမှာ ကားပေါ်တွင် အတူပါလာသူ မောင်တောမြို့နေ နောရ်ဒေါ်လာလ် (၂၃) နှစ် (ဘ) ဦးဒယ်ဇွန်ဒရွန်း/ ဟိန္ဒူ နှင့် မောင်တော မြို့မ အရှေ့ရပ်ကွက် (၄)နေ ဦးစိုးနိုင် (၃၂) နှစ် (ဘ) ဦးမောင်ဒါးညား/ ဟိန္ဒူ တို့ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း သိရသည်ဟု ရဲက ပြောသည်။

ဆေးပြား တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပါက စုစုပေါင်း ကာလ တန်ဖိုး၁၅၆၀၀၀၀၀၀ ရှိကြောင်း သိရှိရပါသည်။

ဖမ်းမိ သော တရားခံ ၂ ဦးနှင့် သက်သေခံပစ္စည်များအား မူးယစ်တပ်ဖွဲ့စု (၄၆) မှ ဒုရဲအုပ် သိန်းဝင်းသူက ပြင်ဖြူ နယ်မြေစခန်း၌ တရားလိုပြုလုပ်တိုင်တန်ပြီး ဥပဒေအရ အရေးယူမူများဆောင်ရွက်နေသည်ဟု သိရသည်။

အောင်ကျော်မင်း
Narinjara
https://www.facebook.com/Narinjara
ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တော သုံးမိုင်တွင် ဖမ်းမိ ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တော သုံးမိုင်တွင် ဖမ်းမိ Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.