သာစည်မြို့နယ်တွင် သေနတ်များဖမ်းဆီးရမိမှုမှ ဆက်စပ်တရားခံနှင့် ပစ္စည်းများသိမ်းဆည်းရရှိ


ဇူလိုင်၂၅၊၂၀၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်တွင် ဇူလိုင် ၁၉ ရက်နေ့ည ၁၀ နာရီ အချိန်ခန့်က မန္တလေးသို့ ပို့ဆောင်မည့် မောင်းပြန်သေနတ်(၂၂)လက်ဖမ်းဆီးရမိခဲ့သည့် သတင်းအား ဇူလိုင် ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဖမ်းဆီးရမိ တရားခံ နေစိုးထွေးမင်း (ခ) ကိုစိုင်းအား စစ်ဆေးမေးမြန်းခဲ့ရာ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ချမ်းမြသာစည်မြို့နယ်နေ ကားအဝယ်အရောင်းလုပ်ကိုင်သူ အောင်စိုးမင်း (ခ) ကိုစိုး(၃၉)နှစ်နှင့် အရောင်းအဝယ်လုပ်ကိုင်သူ သန်းလှိုင် (၂၆)နှစ်တို့ (၂)ဦးအား မြဝတီမြို့ (၄)ရပ်ကွက် ရှိ Grade One ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ စီးလာသည့် Vigo ယာဉ်ပေါ်မှTNT ယမ်းတုံး (၇၀) တုံးနှင့် ဒီတိုနေတာ(၁၂)ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်ထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
သာစည်မြို့နယ်တွင် သေနတ်များဖမ်းဆီးရမိမှုမှ ဆက်စပ်တရားခံနှင့် ပစ္စည်းများသိမ်းဆည်းရရှိ  သာစည်မြို့နယ်တွင် သေနတ်များဖမ်းဆီးရမိမှုမှ ဆက်စပ်တရားခံနှင့် ပစ္စည်းများသိမ်းဆည်းရရှိ Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.