အယ်လ်ကိုင်ဒါ နှင့် ဆက်စပ်နေသည့် စစ်သွေးကြွများ ပြိုင်ဘက်အုပ်စုကို တိုက်ထုတ်ပြီး ဆီးရီးယားရှိ မြို့တစ်မြို့အား ထိန်းချုပ်
![]() |
Nusra တပ်ဦးစစ်သွေးကြွအုပ်စု အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) |
အယ်လ်ကိုင်ဒါ စစ်သွေးကြွအုပ်စုနှင့် ဆက်စပ်နေသည့် Nusra တပ်ဦးစစ်သွေးကြွအုပ်စု သည် ပေါ်တူဂီနိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် ပြိုင်ဘက် စစ်သွေးကြွအုပ်စု နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ရှိ Idlib မြို့အား ဇူလိုင် ၂၃ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း pan-Arab al-Mayadeen ရုပ်သံလိုင်းကဖော်ပြခဲ့သည်။
Nusra တပ်ဦး စစ်သွေးကြွအုပ်စု သည် Ahrar al-Sham စစ်သွေးကြွအုပ်စု နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် Idlib မြို့အား သိမ်းပိုက်ခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။Nusra တပ်ဦး အား နိုင်ငံတကာအဖွဲ့အစည်း နှင့် ကုလသမဂ္ဂတို့အား အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားပြီး ယင်းအုပ်စုသည် IS စစ်သွေးကြွအုပ်စု တွင် မပါဝင်ကြောင်း သိရသည်။
Ahrar al-Sham စစ်သွေးကြွအုပ်စု သည် တူရကီနိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားလွတ်မြောက်ရေးတပ်မတော် နှင့် မဟာမိတ်ဖွဲ့လိုက်သည့် သတင်းများ ထွက်ပေါ်လာပြီး Nusra တပ်ဦး အား ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲများက ယခင် ၎င်းနှင့် မဟာမိတ်ဖွဲ့ထားသည့် သူပုန်အုပ်စုများစွာကို ယင်းတပ်ဦးမှ ခွဲထွက်ရန် တွန်းအားပေးလျက်ရှိကြောင်း သိရသည်။
Xinhua
http://xinhuamyanmar.com
အယ်လ်ကိုင်ဒါ နှင့် ဆက်စပ်နေသည့် စစ်သွေးကြွများ ပြိုင်ဘက်အုပ်စုကို တိုက်ထုတ်ပြီး ဆီးရီးယားရှိ မြို့တစ်မြို့အား ထိန်းချုပ်
Reviewed by THITHTOOLWIN
on
15:37
Rating:
