စင်ကာပူတွင် အဝေးပြေးလမ်း ပြိုကျမှုကြောင့် လူ တစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စင်ကာပူတွင် အဝေးပြေးလမ်း ပြိုကျမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    စင်ကာပူ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

    စင်ကာပူနိုင်ငံ အရှေ့ပိုင်းရှိ မပြီးပြတ်သေးသည့် အဝေးပြေးလမ်း တစ်ခုမှာ ဇူလိုင်လ ၁၄ ရက် အစောပိုင်းက ပြိုကျမှုကြောင့် အလုပ်သမား တစ်ဦး သေဆုံးကာ အခြားလူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုမှာ ချန်ဂီလေဆိပ်မှ မနီးမဝေးရှိ အထက် Changi Road East တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စင်ကာပူ ပြည်သူ့ ကာကွယ်ရေးတပ် (SCDF) အဆိုအရ အလုပ်သမား တစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသည့် အခြားလူ ၁၀ ကို ချန်ဂီ အထွေထွေဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထို ၁၀ ဦးအနက် ၂ ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီး ကျန် ၈ ဦးမှာမူ ဆေးရုံတက်နေဆဲ ဖြစ်ကြောင်း သိရသည်။

မတော်တဆမှုမှာ ဒေသစံတော်ချိန် နံနက် ၃း၃၅ နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SCDF က ပြောကြားခဲ့ပြီး နံနက် ၇း၀၀ နာရီ ဝန်းကျင်တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အလုပ်သမားများ အားလုံးကို ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးခဲ့ကြောင်း သိရသည်။

ထို ဆောက်လုပ်ရေးအား Or Kim Peow (OKP) လုပ်ငန်းက တာဝန်ယူထားခြင်း ဖြစ်ပြီး လုပ်ငန်းခွင် ဘေးကင်ရေးနှင့် ကျန်းမာရေးဥပဒေအား လိုက်နာထားခြင်း မရှိသဖြင့် အပြစ်ရှိသည်ကို ဇူလိုင်လ ၁၁ ရက်က တွေ့ရှိခဲ့ပြီးကြောင်း သိရသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလက လုပ်ငန်းခွင် မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် အဆိုပါ လုပ်ငန်း၏ ဘေးကင်းလုံခြုံရေး ညှိနှိုင်းရေးမှူးနှင့် လုပ်ငန်းခွင် ကြီးကြပ်သူ Tan Kok Peng အား ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၈၂,၅၀၀) နှင့် စင်ကာပူဒေါ်လာ ၁၂,၀၀၀ (အမေရိကန်ဒေါ်လာ ၈၇,၆၀၀) အသီးသီး ဒဏ်ရိုက်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင်လည်း အလုပ်သမား တစ်ဦး သေဆုံးကာ အခြားလူ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
စင်ကာပူတွင် အဝေးပြေးလမ်း ပြိုကျမှုကြောင့် လူ တစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ စင်ကာပူတွင် အဝေးပြေးလမ်း ပြိုကျမှုကြောင့် လူ တစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.