ဓားဦးချွန်ကိုယ်စီကိုင်ဆောင်ထားသူ ၂ ဦးအား ဖမ်းဆီးစစ်ဆေး


ဇူလိုင် ၁၃၊ ၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၂ ရက်ည ၈ နာရီမိနစ် ၂၀ တွင် မောင်တောမြို့နယ် နယ်မြေ ၆ အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဓားကိုယ်စီကိုင်ဆောင်ထားသည့် မသင်္ကာသူ ၂ ဦးအား ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ လှည့်ကင်းအဖွဲ့သည် ရွှေဇားအလယ်ရွာ လမ်းမပေါ်၌ ရွှေဇားအလယ်ရွာနေ အရိုးအသွား ၁၇ လက်မဓားဦးချွန်ကိုင်ဆောင်ထားသည့် မသင်္ကာသူ အဲလ်ဖမ် ၁၈ နှစ်နှင့် အရိုးအသွား ၇ လက်မခွဲ ခေါက်ဓား ဓားဦးချွန်ကိုင်ဆောင်ထားသည့် မသင်္ကာသူ အဲလ်ကရမ် ၃၅ နှစ်တို့ ၂ ဦးအား တွေ့ရှိသဖြင့်ဖမ်းဆီးခဲ့ပြီး ပြင်ဖြူ နယ်မြေစခန်း၌ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ဓားဦးချွန်ကိုယ်စီကိုင်ဆောင်ထားသူ ၂ ဦးအား ဖမ်းဆီးစစ်ဆေး ဓားဦးချွန်ကိုယ်စီကိုင်ဆောင်ထားသူ ၂ ဦးအား ဖမ်းဆီးစစ်ဆေး Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.