မိုင်းယောင်း၌ အမျိုးသမီးတစ်ဦးအား အမည်မသိ လူတစ်စုက သေနတ်ထောက် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား


မိုင်းယောင်း ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်မြို့နယ်၊ ဟောင်ကြန့်အုပ်စု၊ ဝမ်ဟွမ်းကျေးရွာ၌ အမည်မသိ အရပ်ဝတ် ဝတ်ဆင်ထားသည် လူတစ်စုက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ထောက်၍ အဓမ္မ ကားပေါ်သို့ တင်ဆောင်သွားသည့် ဖြစ်စဉ် ဇူလိုင် ၇ ရက် နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ သည်။

ဖြစ်စဉ်မှ ဇူလိုင် ၇ ရက် နံနက် ၇ နာရီခန့်က မိုင်းယောင်မြို့နယ်၊ ဟောင်ကြန့်အုပ်စု၊ ဝမ်ဟွမ်းကျေးရွာနေ မအီအဲ (၂၄ နှစ်)သည် နေအိမ်၌ သူငယ်ချင်းဖြစ်သူ မနွဲ့အွမ်နှင့်အတူ ထိုင်နေစဉ် အမည်မသိ အရပ်ဝတ် ဝတ်ဆင်ထားသော လူ ငါးဦးက လက်နက်ငယ်ကိုင်ဆောင်ကီာ-ထြေ ခဲရောင် နှစ်ခန်းတွဲ မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး နေအိမ်ရှေ့တွင် ဖွင့်လှစ်ထားသော ဈေးဆိုင်သို့ ရောက်ရှိလာပြီး ဘီယာတစ်ဖာ ဘယ်လောက်လည်းဟု မေးရာ မအီအဲက ဈေးနှုန်းမသိသဖြင့် မီးဖိုချောင်အတွင်း ရှိ မိခင်ဖြစ်သူ ဒေါ်အီကိန်ခမ်းအား ခေါ်ယူမေးမြန်းထွက်လာစဉ် လူတစ်ဦးမှ ဒေါ်အီကိန်ခမ်းအား လှမ်းမေးစဉ် အမည်မသိ အမျိုးသား သုံးဦးမှ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဒေါ်အီကိန်ခမ်းအား သေနတ်ဖြင့် ထောက်၍ ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မိခင်ဖြစ်သူအား သေနတ်ဖြင့်ထောက်၍ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့သူများအား ဥပဒေအရ အရေးယူပေးရန် သမီးဖြစ်သူ မအီအဲက တရားလိုပြုလုပ် တိုင်တန်းရာ မိုင်းယောင်းမြို့မရဲစခန်းက အမှုဖွင့်လှစ်ပြီး ဒုရဲမှူး စံလင်းက ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုင်းယောင်း၌ အမျိုးသမီးတစ်ဦးအား အမည်မသိ လူတစ်စုက သေနတ်ထောက် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား မိုင်းယောင်း၌ အမျိုးသမီးတစ်ဦးအား အမည်မသိ လူတစ်စုက သေနတ်ထောက် အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.