ပုသိမ်မြို့က ဆိုင်ကယ်တက္ကစီသမား ခရီးသည်ကို ဓားဖြင့်ထောက်ပြီး လုယက်


(ပုသိမ်) ဇူလိုင် ၁၄ ရက်

ပုသိမ်မြို့ ကမ်နာလမ်းမှာရှိတဲ့ ပုသိမ် - ငပုတော ရှပ်ပြေးသင်္ဘောဆိပ်ကနေ အဝေးပြေးကားဝန်းကို ဆိုင်ကယ်တက္ကစီငှားရမ်းပြီးသွားရောက်တဲ့ ခရီးသည်ကို ဆိုင်ကယ်တက္ကစီမောင်းသူက ဓားထောက်ပြီး လုယက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၄ရက်နေ့  ယနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီအချိန် ငပုတော - ပုသိမ်ပြေးဆွဲသော ရှပ်ပြေးယာဉ်နဲ့ လိုက်ပါလာသူ ကိုဇော်ဦးဟာ ရှပ်ပြေးသင်္ဘောဆိပ်ကနေ ရန်ကုန်ပြန်ဖို့အတွက် ကင်မလင်းကျွန်း အဝေးပြေးဝန်းကို ဆိုင်ကယ်တက္ကစီ ငှာရမ်းခဲ့ရာမှာ ရှပ်ပြေးဆိပ်မှ စိုးသီဟ (ခ) အတာကြီး ပုသိမ်မြို့ အောင်သိဒ္ဓိ ၃ လမ်းနေသူကို ငှားရမ်းခဲ့ပါတယ်။


ဆိုင်ကယ်တက္ကစီသမား အတာကြီးဟာ ခရီးသည် ကိုဇော်ဦးကို အဝေးပြေးဝန်းသို့ မလိုက်ပို့ပဲ ပုသိမ်မြိ့ပြင်ရှိ ကိုးဆူကျေးရွာအနီးကို မောင်းနှင်သွားပြီး လူရှင်းတဲ့ နေရာမှာ ဓားဖြင့်ထောက်ကာ ပိုက်ဆံအိတ် ဖုန်းနှင့်ငွေစက္ကူရောရာ ၃၄၀၀၀၀ ကျပ်ကို လုယက်ခဲ့ကြောင်း သိရပါတယ်။

လုယက်ခံရသူ ကိုဇော်ဦးက ပုသိမ်မြို့မ ရဲစခန်း သွားရောက်ပြီး အမှုဖွင့်ခဲ့ရာမှာ ပုသိမ်ခရိုင်မှုနှိမ်နင်းရေး ဌာနစိတ်မှ ရဲအုပ်ငြိမ်းချမ်းကျော်နှင့်အဖွဲ့၊ ပုသိမ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းထွန်းနှင့် အဖွဲ့တို့မှပူပေါင်းစုံစမ်းဆောင်ရွက်ခဲ့ရာ ၂၄ နာရီအတွင်း ကျူးလွန်သူတရားခံ စိုးသီဟ(ခ)အတာကြီး အားပြစ်မှုကျူးလွန်သည့် ဆိုင်ကယ်၊ ဓားနှင့်သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းရဲ့ ထုတ်ပြနိချက်အရ သိရပါတယ်။

ဓာတ်ပုံ - ရဲအုပ်ငြိမ်းချမ်းကျော်
ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes/
ပုသိမ်မြို့က ဆိုင်ကယ်တက္ကစီသမား ခရီးသည်ကို ဓားဖြင့်ထောက်ပြီး လုယက် ပုသိမ်မြို့က ဆိုင်ကယ်တက္ကစီသမား ခရီးသည်ကို ဓားဖြင့်ထောက်ပြီး လုယက် Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.