ဇူလိုင်(၂၈)ရက် ညနေ အမေရိကန်အရှေ့ဘက် စံတော်ချိန် နံနက် (၁၀)နာရီ(၄၅)မိနစ်က မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည် လွှတ်တင်လိုက်တာကို အမေရိကန်နိုင်ငံက ထောက်လှမ်းမိကြောင်း ပင်တာဂွန်စစ်ဌာနချုပ်က CNNကို အတည်ပြုပြောကြားတယ်လို့သိရပါတယ်။
အခုလွှတ်တင်မှုဟာ (၂၀၁၇)ခုနှစ်အတွက်(၁၄)ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုပစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာကီလိုမီတာ(၃၀၀၀)အမြင့်က(၄၅)မိနစ် ပျံသန်းပြီးဂျပန်နိုင်ငံရဲ့ပင်လယ်ပြင်အထူးစီးပွားရေးဇုန်ရေပိုင်နက်အတွင်းကိုဆင်းသက်သွားတယ်လို့လည်းBBC သတင်းဌာနကနေသိရပါတယ်။
အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကတော့ အခုပစ်လွှတ်လိုက်တဲ့ဒုံးကျည် အမျိုးအစားကို ခွဲခြားသတ်မှတ်နိုင်ဖို့ကြိုးစားနေတယ်လို့ CNN သတင်းဖော်ပြချက်အရ သိရပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ(၂၀၁၈)ခုနှစ်အစောပိုင်းမှာ ကမ္ဘာ့တိုက်ကြီးတွေကိုပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစား (ICBM)ကိုတည်ဆောက်နိုင်လိမ့်မယ်လို့ အမေရိကန်အစိုးရကယုံကြည်ထားကြောင်း အဲဒီသတင်းမှာဖော်ပြပါရှိပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
မြောက်ကိုရီးယား ဒုံးကျည်လွတ်တင်မှု အမေရိကန်ထောက်လှမ်းမိ
Reviewed by THITHTOOLWIN
on
05:38
Rating:
