စစ်တွေမြို့မှာ အရက်တုလုပ်ငန်းတွေ ရှိနေတာကြောင့် နမူနာအရက်တွေကို ဓာတ်ခွဲစမ်းသက်နေပြီး စစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမယ်
စစ်တွေမြို့မှာ အရက်တုလုပ်ငန်းတွေ ရှိနေတာကြောင့် နမူနာအရက်တွေကို ဓာတ်ခွဲစမ်းသက်နေပြီး စစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်လို့ ရခိုင်ပြည်နယ် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်မျိုးဦးကပြောပါတယ်။
စစ်တွေမြို့မှာ လူသောက်များတဲ့ အရက်တွေကို စစ်တမ်းပြုလုပ်ခဲ့ပြီး လူသောက်များတဲ့ အရက် ၈ မျိုးကို စစ်ဆေးဖို့အတွက် အရက်နမူနာတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းက နေပြည်တော်ကိုပို့ ဆောင်ထားတယ်လို့ ဒေါ်ယဉ်မျိုးဦးက ပြောပါတယ်။
ဒီလိုမျိုး အရက်အတုတွေနဲ့ ဈေးပေါပြီး အရည်သွေးမမှီတဲ့ အရက်တွေဟာ အခြေခံလူတန်းစားတွေ အသောက်များနေပြီး အလုပ်အကိုင်နဲ့ စီးပွားရေးမပြေလည်သူတွေ ဖြစ်တာကြောင့် လက်လှမ်းမှီရာကိုသာ သောက်နေရတာဖြစ်တယ်လို့ အရက်တုလုပ်ငန်းတွေ အလုပ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး လူငယ်စာရေးဆရာ ကိုကျော်လင်းက သုံးသပ်ထားပါတယ်။
ရခိုင်ပြည်နယ် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာအနေနဲ့ စားသောက်ကုန်ပစ္စည်းတချို့ကို ကျပန်းစနစ်နဲ့ စစ်ဆေးတာတွေနဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးနေပြီး ငပိ၊ ငါးခြောက်တို့ကိုလည်း အလျင်းသင့်သလို စစ်ဆေးသွားမှာဖြစ်တယ်လို့ ၎င်းဌာနကသိရပါတယ်။
သတင်း၊ တင်ဆက် - ဝေလင်း/DMG
Development Media Group
https://www.facebook.com/dmgnewsagency
စစ်တွေမြို့မှာ အရက်တုလုပ်ငန်းတွေ ရှိနေတာကြောင့် နမူနာအရက်တွေကို ဓာတ်ခွဲစမ်းသက်နေပြီး စစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမယ်
Reviewed by THITHTOOLWIN
on
04:36
Rating:
