ညောင်လေးပင်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက ၂၃၀၀၀ ကျော် ရေလွှမ်းလျက်ရှိ


ညောင်လေးပင် ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၌ စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၇ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန် တိုင်းတာချက်အရ ၁၁၇၂ စင်တီမီတာ ရှိပြီး စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာအထက် ဆက်လက်မြင့်တက် လျက်ရှိသည်။ အဆိုပါစစ်တောင်းမြစ်ရေမြင့်တက်ရေလျှံမှုနှင့်အတူ မိုးများ အဆက်မပြတ်ရွာသွန်းနေပြီး ချောင်းမြောင်းများ ရေလျှံခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဇူလိုင် ၂၆ ရက်နေ့ တွင် မိုးစပါးစိုက်ဧက ၂၃၀၀၀ ကျော် ရေလွှမ်းနေကြောင်း သိရသည်။


စစ်တောင်းမြစ်ရေလျှံမှုကြောင့် မဒေါက်မြို့အနိမ့်ပိုင်းနေရာများမှ မင်းလမ်းမကြီးပေါ်အထိ ရေတိုးလျက်ရှိသည်။ ညောင်လေးပင်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ အုပ်စုမှ တောင်သူ ၃၇၆၁ ဦးပိုင်ဆိုင်သော လယ်ကွင်းပေါင်း ၁၁၈ ကွင်းတွင် စိုက်ပျိုးထားသည့် မိုးစပါးသီးနှံဧက ၂၃၈၀၅ ဧက ရေလွှမ်းလျက်ရှိပြီး အချို့နေရာများတွင် လယ်ဧက ၅၁၆၂ ဧက ရေပြန်ပေါ်လျက်ရှိသည်။ ရေကြီးရေလျံမှုကြောင်း စာသင်ကျောင်း ၁၂ ကျောင်း ယာယီပိတ်ထားရာမှ ၈ကျောင်းပြန်ဖွင့်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

(မြို့နယ်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ညောင်လေးပင်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက ၂၃၀၀၀ ကျော် ရေလွှမ်းလျက်ရှိ ညောင်လေးပင်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက ၂၃၀၀၀ ကျော် ရေလွှမ်းလျက်ရှိ Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.