မြိတ်မြို့ ကျောင်ဖြူတောင်လမ်းဆုံ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ် လူတစ်ဦးသေဆုံး


မြိတ် ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု ကျောက်ဖြူတောင်ကျေးရွာ ကျောက်ဖြူ တောင်လမ်းဆုံရှိ ဦးဝင်းကို ပိုင်ဆိုင်သော အလျား(၁၂)ပေ၊ အနံ(၂၀)ပေ၊ ဓနိမိုး၊ ၊ ၀ါးထရံကာ၊ ပျဉ်ခင်း (၁)ထပ် စက်သုံးဆီအရောင်းဆိုင်တွင် ဇူလိုင်လ(၁၆)ရက် နေ့လယ်(၁၂း၃၈) နာရီက အပ်ကြိုးမတပ်ထားသော ဆီဘောင်ဆာကားမှ (92)စက်သုံးဆီအား စတီးတိုင်ကီသို့ဆီဖြည့်စဉ် ဆီတိုင်ကီနှင့် ဆီပိုက်ရှိ အဖွင့်အပိတ် ဘားတွင် တပ်ထားသော သံကလစ်ကွင်းနှင့် ပွတ်တိုက်ရာမှ မီးလောင်မှုစတင် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။


မီးလောင်မှုအား ပြည်သူတစ်ဦးမှ ဖုန်းဖြင့်သတင်းပေးပို့သဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ကျွဲကူးနယ်မြေစခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ် စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ရေရောင်းချလျက်ရှိသော ရေကား(၂)စီး၊ လူမှုရေး အသင်းအဖွဲ့များမှ လူနာတင်ယာဉ်များဖြင့် သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ (၁း၁၅) နာရီတွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် အလျား(၁၂)ပေ၊ အနံ(၂၀)ပေ၊ ဓနိမိုး၊ ၊ ၀ါးထရံကာ၊ ပျဉ်ခင်း (၁)ထပ် အဆောက် အဦ(၁)လုံး၊ ဆီပန့်(၆)လုံး၊ လောင်စာဆီ(၂)ပီပါ မီးလောင်ရှုံးဆုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး(၇၆၂၀၀၀၀ိ/)ခန့် ရှုံးဆုံး ခဲ့ကြောင်း၊ မီးလောင်ရာတွင် စက်သုံးဆီအရောင်းဆိုင်၌ ကျောင်းပတ်ရက်လာရောက် ကူညီရောင်းချပေးလျက် ရှိသော ဆိုင်ပိုင်ရှင်၏တူ အဌမတန်းကျောင်းသား မောင်လူအေးမှာ မီးလောင်သေဆုံးခဲ့ကြောင်း၊ မီးလောင်မှု အား မီးသတ်ဦးစီးဌာနမှ ဆီမီးငြိမ်းသတ် Foam ဆေးရည် (၅၀)ဂါလံအသုံးပြုပြီး မီးငြိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုစတင်ဖြစ်ပွားချိန်တွင် မီးသတ်ဆေးဗူးများဖြင့် ကနဦးမီးငြိမ်းသတ်ထားခြင်းမရှိကြောင်း မီးသတ်ဦးစီး ဌာနမှ သိရသည်။ မီးလောင်မှုတွင် တာဝန်ရှိသူ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးဝင်းကိုနှင့် ဆီဘောင်ဆာ ယာဉ်မောင်း ဦးတင်ထွန်းတို့ (၂)ဦးအား မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ)(၁၄၂၅)/(၂၀၁၇) ပုဒ်မ(၂၈၅၊ ၃၀၄(က))ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ် ပြန်/ဆက်
မြိတ်မြို့ ကျောင်ဖြူတောင်လမ်းဆုံ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ် လူတစ်ဦးသေဆုံး မြိတ်မြို့ ကျောင်ဖြူတောင်လမ်းဆုံ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 15:59 Rating: 5
Powered by Blogger.