ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်၌ ရေနံဆီမီးခွက်အား ဆော့ကစားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား၍ မိသားစု(၃)ဦး မီးလောင်ဒဏ်ရာများရရှိ


မြိတ်ဇူလိုင် ၁ဝ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြဝတီ(၅)လမ်း၌ဇူလိုင် ၉ရက် ည ၇နာရီအချိန်ခန့်က နေအိမ်တွင်မီးထွန်းညှိထားသောရေနံဆီမီးခွက်အား ဆော့ကစားရာမှမီးစတင်လောင်ကျွမ်းခဲ့ရာမှမိသားစု ဝင်(၃)ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

ဖြစ်စဉ်မှာပုလောမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြဝတီ(၅)လမ်းနေ ကိုဝင်းဌေး (၃၇)နှစ် ၊ တံငါလုပ် ၏နေအိမ် အလျား(၁၂)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၁၅)ပေခန့်ရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းခြေတံရှည်နေအိမ်တွင်ဇူလိုင် ၉ရက် ည ၇နာရီအချိန်ခန့်က သမီးဖြစ်သူမဇင်မာအေး(၆)နှစ်သည် မီးထွန်းညှိထားသောရေနံဆီမီးခွက်အား ဆော့ကစားရာမှရေနံဆီ မီးခွက်မှာအနီးရှိ (၅)ဂါလံ ဒီဇယ်ပုံးပေါ်သို့လဲကျခဲ့ရာမှ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့်နေအိမ်ခေါင်မိုးဓနိနှင့် နေအိမ်ဝဲဘက်ဝါးထရံ(၁)ချပ်၊ ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့်သမီးဖြစ်သူမဇင်မာအေး(၆)နှစ် တွင် ဦးခေါင်းနောက်စေ့၊ ရင်ဘတ်၊ နောက်ကျော၊ ဝဲ/ယာခြေထောက်မီးလောင်ဒဏ်ရာများ(စိုးရိမ်ရ)၊ ဖခင်ဖြစ်သူ ဦးဝင်းဌေးတွင် ဝဲပေါင်/ဝဲရင်ဘတ်၊ ဝဲ/ယာ လက်ချောင်းများ မီးဟပ်ဒဏ်ရာများ(မစိုးရိမ်ရ)နှင့်မိခင်ဖြစ်သူ ဒေါ်ခင်မြတ်သူ (၃ဝ)နှစ် တွင် ဝဲ/ယာ ခြေထောက်တို့နှင့် ဝဲ/ယာလက်တို့တွင် မီးဟပ်ဒဏ်ရာများ(မစိုးရိမ်ရ)တို့အသီးသီးရရှိခဲ့ပြီး၊ ပုလောမြို့နယ် ပြည်သူဆေးရုံ၌ မိသားစု(၃)ဦးစလုံး(အတွင်းလူနာ) အဖြစ်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍အိမ်ရှင်ဖြစ်သူ ဦးဝင်းဌေး(၃၇)နှစ် ၊ ပုလောမြို့၊ အမှတ် (၂)ရပ်ကွက်၊ မြဝတီ(၅)လမ်းနေသူအား ပုလောမြို့မရဲစခန်းမှအရအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်၌ ရေနံဆီမီးခွက်အား ဆော့ကစားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား၍ မိသားစု(၃)ဦး မီးလောင်ဒဏ်ရာများရရှိ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်၌ ရေနံဆီမီးခွက်အား ဆော့ကစားရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား၍ မိသားစု(၃)ဦး မီးလောင်ဒဏ်ရာများရရှိ Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.