နာဂဒေသအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များနစ်မြုပ်


မိုပိုင်းလွတ် ဇူလိုင် ၆

မိုးသည်းထန်စွာအ ဆက်မပြတ် ရွာသွန်း ပြီး ချင်းတွင်းမြစ်ရေ အဆမတန်မြင့် တက်လာမှုကြောင့် နန်ခါချောင်း ရေမြင့်တက်လာကာ စစ်ကိုင်းတိုင်းဒေသ ကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခ္တီးခရိုင် လေရှီးမြို့နယ် မိုပိုင်းလွတ် မြို့ အတွင်း ဇူလိုင် ၅ ရက်က ရေကြီးမှု ဖြစ်ပေါ်ကာ အ.ထ.က ကျောင်းဝင်းအထိ ရေများမြင့်တက်လာခဲ့သည်။

အဆိုပါ ချောင်းရေမြင့်တက်လာမှု ကြောင့် မြို့နယ်အုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံး (ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ)၊ ပြန်/ ဆက် ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ၊ ပညာရေးဘော်ဒါဆောင် နှစ်ဆောင် အပါအဝင်၊ အမှတ်(၁)ရပ်ကွက်တွင် လူနေအိမ်ငါးလုံး၊ အမှတ်(၂)ရပ်ကွက် တွင် လူနေအိမ်ရှစ်လုံးနှင့် ဖိုင်လင်ကွတ် ကျေးရွာတွင် လူနေအိမ် နှစ်လုံးတို့ရေနစ် မြုပ်လျက်ရှိပြီး၊ ဖိုင်လင်ကွတ်နှင့် ရပ်ကွက် (၂)ဆက်သွယ်ထားသည့် ကြိုးတံတား သည် ရေစီးအားတွင်ပါလာသည့် အမှိုက် သရိုက်များကြောင့် အောက်ခြေပေါင် လန်၍ ပျက်စီးခြင်း၊ မြို့အဝင် မိုပိုင်းလွတ် တံတား၏ အောက်ခြေပေါင်အထိ ချောင်းရေများ မြင့်တက်လျက်ရှိပြီး မိုပိုင်းလွတ်-ဟုမ္မလင်းစက်လှေလိုင်းများပြေးဆွဲနေမှုကို ခေတ္တပိတ်ထားလျက်ရှိ သည်။

ရေကြီးရေလျှံမှုကြောင့် မြို့တွင်းရှိ ကားလမ်းနစ်မြုပ်ကာ အများပြည်သူများ သွားလာရေးခက်ခဲလျက်ရှိသည်။ ရေမြင့် တက်နေမှုကြောင့် အခြေခံပညာအထက် တန်းကျောင်းများ ပိတ်ထားလျက်ရှိပြီး၊ ရေနစ်မြုပ်ခံရသော နေအိမ်များရှိ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ သည် ကိုယ့်အားကိုယ်ကိုးဖြင့် ရေဘေး ကင်းလွတ်ရာ တောင်ပေါ်ရှိ ဝန်ထမ်း အိမ်ရာများသို့ အချိန်နှင့်တစ်ပြေး ညီ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

ရှိန်းလေး (မိုပိုင်းလွတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နာဂဒေသအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များနစ်မြုပ် နာဂဒေသအတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်များနစ်မြုပ် Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.