ဇူလိုင်၂၀၊ ၂၀၁၇
ဘူးသီးတောင်မြို့နယ် ငရန့်ချောင်းကျေးရွာအုပ်စု မောင်နှမကျေးရွာနေ အဒူဆူဝမ်း ၅၅ နှစ်အား မျက်နှာဖုံးအနက်များ ဝတ်ဆင်ထားသည့် အမည်မသိလူ ၁၅ ဦးခန့်က နေအိမ် အတွင်း ဝင်ရောက်ပြီး ဓားဖြင့်ထိုး၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး အသတ်ခံခဲ့ရမှု သတင်း များကို ဇူလိုင် ၁၆ ရက်ကထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၈ ရက်နံနက်ပိုင်းတွင် ဆက်စပ်တရားခံများ ဖမ်းဆီး ရမိရေးအတွက် မောင်နှမကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်ရာ ၎င်းရွာနေ မသင်္ကာသူ ဇာဖောအုလာ ၃၀ နှစ်၊ အိနုစ် ၅၀ နှစ်၊ ဆောလိမူလာ ၂၀ နှစ်နှင့် နုရ်ဘော်ရှော့ ၂၅ နှစ်တို့ ၄ ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
မောင်နှမကျေးရွာမှ အဒူဆူဝမ်း အသတ်ခံရမှုဖြစ်စဉ်မှ မသင်္ကာသူများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:27
Rating:
