တာချီလိတ်၌ မူးယစ်ဆေးဝါးများနှင့်အတူ မျက်ရည်ယိုဗုံး ဖမ်းဆီးရမိ


တာချီလိတ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၌ မူးယစ်ဆေးဝါးများနှင့်အတူ မျက်ရည်ယိုဗုံး ဖမ်းဆီးရမိသည့် ဖြစ်စဉ် ဇူလိုင် ၁၆ ရက်နေ့ နေ့လည်က ဖြစ်ပွားခဲ့သည်။

မူးယစ်တပ်ဖွဲ့စု (၃ဝ)တာချီလိတ်မှရဲအုပ်ကျော်စွာထွန်း ဦးစီးအဖွဲ့၊ တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ်အေးလွင် ဦးစီးအဖွဲ့၊ စရဖ(တသခ)စု-၂ တပ်ကြပ်အောင်မြင့်သန်း တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာဝတီလမ်း၊ အမှတ်(၈/၁ဝ၉)၊ အားမုန်(ခ) တူးလွမ်(ကျား)၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရဝင်ရောက်ရှာဖွေခဲ့ပါသည်။

၎င်းနေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိပြီး ဆက်လက် ရှာဖွေရာ ၄င်း၏ နေအိမ်အတွင်းမှ Tramadol အာနိသင်ပါသည့် Tuodoshu ဆေးတောင့် ၁၅၅ဝ တောင့်၊ ဒေသတန်ဖိုး ၆ ဒသမ ၂ သိန်းကျပ်ခန့်၊ ခပ်ခူးအလေးချိန် ၃ဝ ဂရမ်ခန့်ပါ တစ်ထုပ်၊ ဒေသတန်ဖိုး ၆ဝဝဝဝ ကျပ်ခန့်၊ ခရမ်းရောင် Alprazolam ဆေးပြား ၂ဝ၈ ပြားပါ တစ်ထုပ်၊ ဒေသတန်ဖိုး ၈၃၂ဝဝ ကျပ်ခန့်၊Fanta တံဆိပ်ပါ ပလပ်စတစ်ဗူးဖြင့် ထည့်လျက် ဘိန်းဆီရည် ၁ ဒသမ ၁ လီတာခန့်ပါ တစ်ဗူး၊ ဒေသတန်ဖိုး ၂၇ ဒသမ ၅ သိန်းကျပ်ခန့်၊ Black Tea တံဆိပ်ပါ ပလပ်စတစ်ဗူးဖြင့် ထည့်လျက် ဘိန်းရည် ၄ဝဝ မီလီလစ်တာခန့်ပါ တစ်ဗူး၊ ဒေသတန်ဖိုး ၂ သိန်း ကျပ်ခန့်၊ ဘိန်းဆီခဲအလေးချိန် ၁၂ဝ ဂရမ်ခန့်ပါ တစ်ထုပ်၊ ဒေသတန်ဖိုး ၃ သိန်းကျပ်ခန့်၊ စိတ်ကြွဆေးပြား ပြုလုပ်ရာတွင် အသုံးပြုသည့် အဖြူရောင် အနံ့မှုန့် တစ်ထုပ်လျင် အလေးချိန် တစ်ကီလိုခန့်စီပါ ၆ ထုပ်၊ စုစုပေါင်း အလေးချိန် ၆ ကီလိုခန့်၊ ဒေသတန်ဖိုး ၃ဝဝဝဝ ကျပ်ခန့်၊ ပန်းရောင်စိတ်ကြွဆးမှုန့် အလေးချိန် အလေးချိန် ၅ဝ ဂရမ်ခန့်၊ ဒေသတန်ဖိုး ၇ ဒသမ ၅ သိန်း ကျပ်ခန့်နှင့် အမေရိကန်နိုင်ငံလုပ် စနက်တံပါ အသက်ရှိ မျက်ရည်ယို ဗုံး တစ်လုံး တို့ကို တွေ့ရှိသိမ်းဆည်းရမိသည်။

အမှုမှ မူးယစ်ဆေးဝါး/ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ အားမုန်(ခ)တူးလွမ်(၄၂ နှစ်)၊ ဟံသာဝတီလမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်၌ မူးယစ်ဆေးဝါးများနှင့်အတူ မျက်ရည်ယိုဗုံး ဖမ်းဆီးရမိ တာချီလိတ်၌ မူးယစ်ဆေးဝါးများနှင့်အတူ မျက်ရည်ယိုဗုံး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.