မန္တလေးတွင် လက်ကိုင်အိတ် လုယူသွားသူများအား ၀ိုင်းဝန်းဖမ်းဆီးရမိ


မန္တလေး၊ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ တွင် ဇူလိုင်လ ၁၂ရက်နေ့ ညနေ ၅ နာရီ ၄၅ အချိန်ခန့် က မနီလာပြုံး ၃၃ နှစ်သည် ကျွဲဆည်ကန်ကားကြီးကွင်းမှ နေအိမ်သို့ ဆိုင်ကယ်ကယ်ရီဖြင့် ပြန်လာရာ ၂၉x၅၈ လမ်းထောင့်ရောက်ရှိစဉ် နံပါတ်မပါ CZI ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးသည် နောက်မှကပ်လိုက်လာပြီး မနီလာပြုံး၏ပေါင်ပေါ်တွင် တင်ထားသော မိန်းမကိုင်အိတ် အားလုယူ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လုယက်မှု သတင်းရလျှင်ရချင်း အမှတ်(၃)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပိတ်ဆို့ဖမ်းဆီးရာ ၂၈x၆၄ လမ်း ထောင့်တွင် တရားခံ ကံသာစိုး(ခ)သားငယ်(ခ) ပေကြီး ၁၇ နှစ်၊ မြို့သစ်ရပ်၊ မြင်းခြံမြို့နေသူအား နံပါတ်မပါ CZI ဆိုင်ကယ်၊ လုယူခဲ့သည့် သက်သေခံ လက်ကိုင်အိတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

 ၎င်းထံမှ အရိုးအသွား ၂၂ လက်မခန့်ရှိ ကင်ဒိုဓါး ၁ ချောင်း၊ လေးခွ ၁ လက်၊ သံကုံးသီး ၇ လုံး၊ ပလာရာ ၁ ခု၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ကံသာစိုး(ခ)ပေကြီး နှင့် စွမ်းမင်းထက်(ခ)အသေးလေး(ခ)အငယ်ကောင် တို့အား အမှတ်(၃) နယ်မြေရဲစခန်း (ပ)၄၄၉/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
မန္တလေးတွင် လက်ကိုင်အိတ် လုယူသွားသူများအား ၀ိုင်းဝန်းဖမ်းဆီးရမိ မန္တလေးတွင် လက်ကိုင်အိတ် လုယူသွားသူများအား ၀ိုင်းဝန်းဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:41 Rating: 5
Powered by Blogger.