ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ခိုးဝင်လာသူရှစ်ဦး ဖမ်းဆီးရမိ


ကော့သောင်း ဇူလိုင် ၁ဝ

ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိပိတ်ထားသည့် ကွမ်းယာဆိုင်ခုံပေါ်တွင် ဇူလိုင် ၈ ရက် ညပိုင်းက မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ခိုးဝင်လာသူ ရှစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားမဝင် ဝင်ရောက်လာသူများမှာ အာဇီဇူလာ(၄ဝ နှစ် )၊ ဖာရီဖိုအစ္စလာမ်(၂၄ နှစ်)၊ ရှော်ဘီ အာလာမ် (၁၈ နှစ်)၊ အန်ရာ ဆော်ဒီ(၁၅ နှစ်)၊ မိုဟာမက်အက်ကရမ်(၁၄ နှစ်)၊ အာဂျူမိုဟား(၁၇ နှစ်)နှင့် ဝီဆာမ်မွတ်(၁၃ နှစ်)တို့ဖြစ်ကာ ၄င်းတို့အနက် မြန်မာစကားပြောဆိုတတ်သူနှစ်ဦးပါရှိပြီး ဧပြီလအတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ရန်ကုန်မြို့သို့ဖြတ်သန်းကာ ကရင်ပြည်နယ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာခဲ့ကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးနေမှု ကြောင့် ထိုင်းနိုင်ငံသားနှင့် မီဇာနူရေ(၂၁ နှစ်)ဆိုသူမှာ ထိုင်းနိုင်ငံသားမှတ်ပုံတင်ပျောက်ဆုံးခဲ့သဖြင့် အာဏာပိုင်များက စစ်ဆေး စဉ် ပြသနိုင်ခြင်းမရှိ၍ ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် ၄င်းတို့ရှစ်ဦးမှာ ပဲ့ချိတ်လှေတစ်စင်းဖြင့် နယ်စပ်ဖြတ်ကျော်ကာ ကော့သောင်း မြို့သို့ ခိုးဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အဆိုပါ တရားမဝင် ခိုးဝင်လာသူရှစ်ဦးအား ကော့သောင်းမြို့နယ် လဝကဦးစီးမှူး၏ တိုင်တန်းချက်အရ ကော့သောင်းရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ခိုးဝင်လာသူရှစ်ဦး ဖမ်းဆီးရမိ ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ခိုးဝင်လာသူရှစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:11 Rating: 5
Powered by Blogger.