ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၇ ရွာက လူပေါင်း ၆၆ ဦးဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးခံထား ရတယ်လို့ မိဘတွေက သံသယရှိနေ


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာ ၇ မှ လူပေါင်း ၆၆ ဦးဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးခံနေရတယ်လို့ သံသယရှိကြောင်း မိဘတွေက ပြောဆိုလိုက်ပါတယ်။ အဆိုပါ လူ ၆၆ ဦးမှာ ဧပြီလ ၆ ရက်နေ့က လက်ဝဲစာတိုက်ကျေးရွာမှတဆင့် လူစုကာ မူဆယ်မြို့သို့ ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံကို ပွဲစားနှင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံကွန်တုန်မြို့နယ်၊ ဝန်ချန့်မြို့မှာရှိတဲ့ ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေရာမှ လစာငွေမရရှိတဲ့အတွက် သူဌေးဖြစ်သူကိုသွားမေးရာကနေ သူတို့ဟာ ရောင်းစားခံ ထားရတယ်ဆိုတာ သိရှိခဲရတယ်လို့ မိဘတွေကပြောပါတယ်။


အဲဒီလူတွေကို တရုတ်နိုင်ငံမှာနိုင်ငံမှာ တနာရီလုပ်အားခ တရုတ်ငွေ ၉ ကျပ်ရမယ်ဆိုပြီး ပွဲစားခ ၆ သိန်းယူကာ မူဆယ်မြို့မှ ကျော်မင်းသန်းဆိုသူက ခေါ်ဆောင်သွားခြင်းဖြစ်ကာ လက်ရှိ အချိန်မှာတော့ မိမိတို့ရဲ့နေရပ်ကို ပြန်လာဖို့ အခက်အခဲတွေရှိနေကာ မိဘဆွေမျိုးတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ အဲဒီစက်ရုံမှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦးရဲ့ဖခင်ဖြစ်သူ ဦးစောသာမောင်က ပြောသည်။

 ရောင်းစားခံရကြောင်း သံသယဖြစ်သူတွေကို ပြန်လည်ကယ်ထုတ်နိုင်ဖို့အတွတ် သက်ဆိုင်ရာ လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ မူဆယ်မြို့လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့သို့ ဆက်သွယ် အကူအညီတောင်ခံခဲ့ကာ ဆက်သွယ်ဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်းလညး ပုဏ္ဏားကျွန်းမြို့နယ် မိုးတိမ်ပြင်ရွာမှ ဦးထွန်းလှမောင်က ပြောပါတယ်။

 လူကုန်ကူးခံထားရတယ်လို့ သံသယရှိသူတွေမှာ မိုးတိမ်ပြင်ကျေးရွာမှ အမျိုးသား ၁၂ ဦး၊ လက်ဝဲစာတိုက်ကျေးရွာမှ အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၂ ဦး ၊ မင်းကန်ကျေးရွာမှ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ၊ ပိန္နဲတောကျေးရွာမှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၂ ဦး ၊ ဒီပါရုံကျေးရွာမှ အမျိုးသား ၂ ဦး ၊ တန်ခိုးကျေးရွာမှ အမျိုးသား ၂ ဦး ၊ အထုတ်သေကျေးရွာမှ အမျိုးသား ၁ ဦး စုစုပေါင်း ၆၆ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

Development Media Group
https://www.facebook.com/dmgnewsagency/
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၇ ရွာက လူပေါင်း ၆၆ ဦးဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးခံထား ရတယ်လို့ မိဘတွေက သံသယရှိနေ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၇ ရွာက လူပေါင်း ၆၆ ဦးဟာ တရုတ်နိုင်ငံမှာ လူကုန်ကူးခံထား ရတယ်လို့ မိဘတွေက သံသယရှိနေ Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.